Vampires love

1.4K 135 3
                                    

Part–4

Uni

#ကျနော်တို့မိသားစုလေးကခင်များတို့ထင်သလောက်တော့မရိုးရှင်းဘူးဗျ
ခင်များတို့vampires ဆိုတာတော့ကြားဖူးကြမှာပေါ့ ခင်များတို့သိထားတဲ့vampiresဆိုတာက သွေးသောက်မရ် လူတွေကိုဒုက္ခပေးမရ် သူတို့ခန္ဓာကိုယ်ကနေရောင်နဲ့မထိနိုင်ဘူး အကယ်၍နေရောင်နဲ့သာထိမိရင်လောင်ကျွမ်းပြာကျသွားမရ် အဲ့လိုပဲခင်များတို့ကသိထားတာ ဒါပေမဲ့ခင်များတို့မသိသေးတဲ့vampiresအကြောင်းတွေရှိသေးတယ် ဘာလို့ကျနော်အဲ့လိုပြောနိုင်လဲဆိုတော့ ကျနော်ကိုယ်တိုင်ကခင်များတို့မသိသေးတဲ့vampiresမျိုးထဲမှာပါလို့ပဲ ကျနော်တို့ကလူတော့လူပဲ သာမန်လူတွေမဟုတ်ဘူးပေါ့ ကျနော်တို့ရဲ့ပါပါးကvampiresတော်ဝင်မျိုးနွယ်တစ်ယောက်ပဲ Fire vampires လို့ခေါ်တဲ့မျိုးနွယ်ပေါ့ Fire vampiresဆိုလို့ ဟိုဇာတ်ကားတွေထဲကလိုမီးတွေထွက်လာတာတို့ ခန္ဓာကိုယ်ကမီးတွေတောက်လာတာတို့ အဲ့လိုမျိုးစွမ်းအားရှင်တွေမဟုတ်ဘူးနော်
Fire vampiresဆိုတာကတင်စားပြီးခေါ်တဲ့အခေါ်အဝေါ်တစ်ခုပဲ ဘာလို့ဆိုvampiresတွေထဲမှာမှအင်အားကြီးတဲ့vampiresမျိုးနွယ်မို့ သာမန်vampiresတွေနဲ့မတူဘူး Fire vampiresတွေကလူတွေနဲ့တန်းတူသွားလာနိုင်တာမျိုး ပြီးတော့မီးလိုပဲ ကူးစက်နှုန်းမြန်တယ်ပြောချင်တာကကွာ ဒေါသထွက်လွယ်တယ်ပေါ့ပြီးတော့သူတို့ကိုရန်သွားမစမိစေနဲ့သူတို့ကိုရန်စတာက မီးထဲကိုမီးစာတွေပစ်ထည့်ပေးနေသလိုပဲ သူတို့သာဒေါသထွက်ရင်သူတို့ကိုဒေါသထွက်အောင်လုပ်တဲ့သူကတော့သွားပြီပဲ အဲ့လူက လူဖြစ်ဖြစ် vampiresဖြစ်ဖြစ် မညှာတာတော့ဘူး
Fire vampiresတွေကမသေမျိုးတွေ သူတို့ကိုသေအောင်လုပ်နိုင်တာက ဒီကမ္ဘာပေါ်မှာတစ်မျိုးပဲရှိတယ် အဲ့တာကတော့ wild wolf လို့ခေါတဲ့ဝံပုလွေမျိုးနွယ်စုတွေပဲ wild wolfလို့ဘာကြောင့်ခေါ်လဲဆိုတော့ wildဆိုတဲ့အတိုင်းပဲ သူတို့ကရိုင်းကြတယ်  လပြည့်ညတွေမှာသူတို့အသွင်ပြောင်းပြီးတဲ့အချိန်ကြရင်လူတွေကိုလိုက်သတ်တယ် ပြီးတော့ vampiresတွေကိုရောပဲ သူတို့ကလပြည့်ညမှာစွမ်းအင်အပြည့်ဝဆုံးပဲလေ  အဲ့တော့အဲ့ညဆိုသူတို့လုပ်ချင်တာလုပ်ကြတယ် wild wolfတွေလည်းဘဲ လူတွေနဲ့အတူသွားလာလှုပ်ရှားနိုင်တယ် သူတို့တွေကလည်းအင်အားကြီးမျိုးနွယ်စုတစ်ခုပဲ သိကြတဲ့အတိုင်း wolfနဲ့vampiresဆိုတာက ၃ နဲ့ ၄ လိုပဲဘယ်တော့မှတည့်ကြမှာမဟုတ်တဲ့မျိုးနွယ်တွေ
Fire vampiresကိုသတ်ချင်တယ်ဆိုရင် wild wolf တစ်ကောင်ရဲ့သွေးလိုတယ် အဲ့လိုပဲ wild wolfတွေကိုသတ်ချင်ရင် Fire vampiresရဲ့သွေးလိုတယ် ပြောရရင် Fire vampiresတွေအတွက် wild wolfရဲ့သွေးကအဆိပ်ပဲ အဲ့လိုပဲ wild wolfတွေအတွက်လည်းFire vampires ရဲ့သွေးကအဆိပ်ပဲပေါ့   ကျနော်တို့ရဲ့ပါပါးကလည်းအခုလိုလုပ်ကြံခံခဲ့ရတာပဲwild wolfရဲ့သွေးကိုသောက်ခဲ့မိလို့ အဲ့တုန်းက ကျနော်တို့ဘာမှမသိသေးဘူး ဘာလို့ဆိုFire vampiresတွေကအသက်(18)လောက်မှသူတို့ရဲ့ဗီဇကပြောင်းလဲလာတာ ပါပါးကကျနော်တို့အထက်တန်းနောက်ဆုံးနှစ်မှာဆုံးသွားတာလေကျနော်တို့အနေနဲ့အသက်(16)နှစ်ပဲရှိသေးတော့ပါပါးဆုံးသွားတယ်လို့ပဲသိခဲ့ကြတာပါးပါးကိုဘယ်သူလုပ်ကြံလဲဆိုတော့ ပါပါးရဲ့အတွင်းရေးမှူးပေါ့ အဲ့အတွင်းရေးမှူးဆိုတဲ့လူက ပါပါးသောက်မဲ့သွေးထဲမှာwild wolfရဲ့သွေးကိုထည့်ထားခဲ့တာ ပါပါးအတွင်းရေးမှူးကပါပါးဟာFire vampiresဆိုတာသိထားခဲ့တယ်လေ ဒီအကြောင်းတွေကိုတောင်ကျနော်တို့လွန်ခဲ့တဲ့(၂)နှစ်လောက်ကမှသိခဲ့တာ မာမားပြောပြခဲ့တာပေါ့ အဲ့တုန်းကဆိုကျနော်တို့အရမ်းခံပြင်းခဲ့ရတာ အဲ့အတွင်းရေးမှူးကိုသွားသတ်ချင်လောက်တဲ့အထိပဲ အဲ့အတွင်းရေးမှူးနာမည်က ရန်ချင်း တဲ့ပါပါးရှိစဥ်တုန်းက ပါပါးရဲ့အတွင်းရေးမှူးရန်ချင်း ဆိုပြီးသိထားတာ သူ့အကြောင်းတော့မသိဘူးပေါ့ မာမားဆီကသိသိချင်းသူ့အကြောင်းစုံစမ်းကြည့်တော့ သူကYAN companyမှာ CEOတဲ့လေ YAN companyဆိုတာက သူလုပ်ကြံလို့သေသွားခဲ့ရတဲ့ ကျနော်တို့ရဲ့ပါပါး ဝမ်ရိချန်ရဲ့ Wang companyပေါ့ ပါပါးဆုံးပြီးတော့ပါပါးရဲ့companyကိုသူလက်ဝါးကြီးအုပ်လိုက်တယ်လေ  ပြီးတော့ပါပါးက companyရဲ့ငွေတွေကိုအလွဲသုံးစားလုပ်ပါတယ်ဆိုပြီးတော့ ကျနော်တို့ရဲ့အိမ်တွေ ကားတွေ ပိုင်ဆိုင်မှုတွေကို companyရဲ့ငွေတွေအဖြစ်နဲ့သိမ်းလိုက်တယ် သူကတော့companyရဲ့shareအများဆုံးသူအဖြစ်နဲ့companyရဲ့CEOတက်လုပ်လိုက်တယ် အဲ့လူကလေပါပါးရှိစဥ်တည်းကcompanyထဲမှာshareတွေခိုးထည့်ထားခဲ့တာ တကယ်မလွယ်တဲ့လူ သူ့မိသားစုအကြောင်းစုံစမ်းကြည့်တော့ သူ့မှာသမီးတစ်ယောက်ရှိတယ်တဲ့ သူ့မိန်းမကwild wolf မျိုးနွယ်ဝင်တစ်ယောက် ခုသူ့သမီးလည်းပဲwild wolfမျုးနွယ်ဝင်ပေါ့ အဲ့တုန်းကသူတို့တစ်မိသားစုလုံးပေါင်းကြံကြတာနေမှာ
ရန်ချင်းဆိုတဲ့လူကလေကြောက်တော့ကြောက်တတ်သား ခုကျနော်တို့အရွယ်ရောက်လာလို့သူ့အကြောင်းတွေသိသွားမရ်ဆိုတာကိုသူကြိုသိလို့ထင်တယ် လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းက သူတို့မိသားစုလိုက် Americaကိုပြောင်းသွားကြတာ YAN companyကိုတော့ Americaကနေပဲသူဦးစီးနေတယ်လို့ကြားတယ်  ဟက်😏 သူများမိသားစုကိုတော့ဖျက်ဆီးခဲ့ပြီး သူ့မိသားစုတစ်ခုခုဖြစ်မှာကြကြောက်တယ် ကျနော်တို့ခုလိုငြိမ်နေတာက ခင်များတို့ကိုခွင့်လွှတ်လိုက်ပြီလို့တော့မထင်နဲ့နော် အချိန်မကျသေးလို့ အချိန်ကျတဲ့တစ်နေ့ ခင်များတို့ကိုမြေလှန်ရှာပြီးတော့ကိုလက်စားချေပြမရ်

Vampires Love   [Completed]  Where stories live. Discover now