Vampires love

1K 106 3
                                    

Part12

Uni

taehyungနဲ့yiboတို့ အိမ်ကိုအရင်ပြန်လာလိုက်ကြသည် သူတို့သိမ်းစရာရှိတာသိမ်းရအုံးမယ်လေ

"yiboပြီးပြီလား"

yibo"imm ပြီးပြီ မင်းပစ္စည်းတွေစုံရဲ့လား"

taehyung"imm ငါစစ်ပြီးပြီစုံတယ်"

yibo"အာ့ဆိုသွားရအောင်"

ထိုသို့ဖြင့်နှစ်ယောက်သားအောက်သို့ဆင်းလာလိုက်ကြသည် အောက်ရောက်တော့ ရှေ့မှာကားတစ်စီး သေချာကြည့်မှ အကိုလျို
အကိုလျိုကသူတို့ကိုတွေ့တော့ပြေးလာ၍ အထုပ်တွေကိုဝိုင်းသယ်ကာ

လျိုဟန်"မင်းတို့ကိုစောင့်နေတာ CEOတို့ကမင်းတို့ကိုတစ်ခါတည်းခေါ်လာခဲ့ဆိုလို့"

yibo"Ar ဟုတ်လား ကျနော်တို့က taxiငှားပြီးလာမလို့ပဲ အခုတော့ငှားစရာမလိုတော့ဘူးပေါ့"

taehyung"ဟုတ်တယ် ပိုက်ဆံကုန်သက်သာတယ်
အကိုလျိုသွားရအောင်"

လျိုဟန်"အေးပါ မင်းတို့ကလည်း လစာအဲ့လောက်များတာတောင်မှtaxiဖိုးလေးကိုနှမြောနေသေး"ဟုမဲ့ကာရွဲ့ကာပြောလိုက်သည်

yibo"အော်... ဒါကတော့အကိုလျိုရယ် ချွေတာနိုင်သလောက်တော့ချွေတာရမှာပေါ့ နောင်ရေးအတွက်"

လျိုဟန်"အေးပါ သွားမယ်"ဟုပြော၍အထုပ်များကိုကားပေါ်တင်လိုက်သည်

ထို့နောက်ကားလေးမှာလည်းXiaoအိမ်တော်သို့
.
.
.
Xiaoအိမ်တော်၏အနောက်ဘက်တစ်နေရာတွင် လူနှစ်ယောက်ကုပ်ချောင်းကုပ်ချောင်းလုပ်နေကြသည်

ပထမလူ"ဟျောင့် သူဠေးကဒီနေ့ညလှုပ်ရှားခိုင်းတာနော်"

ဒုတိယလူ-"အေးပါကွ ငါသိပါတယ် ခုအခြေအနေစောင့်ကြည့်နေတာပဲကို
မင်းသာအထဲရောက်သွားရင်ယောင်လည်လည်လုပ်မနေနဲ့ "

ပထမလူ–"မလုပ်ပါဘူးကွာ မင်းကလဲငါ့ဆိုပြောဖို့ကြီး"

ဒုတိယလူ–"မပြောလို့မရဘူးလေ ဒီတစ်ခါသာလွဲရင်တော့မင်းရောငါရော ခေါင်းပြတ်ပြီ သူဌေးရဲ့ဒေါသကိုမင်းလဲသိပါတယ်"

ပထမလူ–"အေးပါ ငါသေချာလုပ်မယ် ဟုတ်ပြီလား"

ဒုတိယလူ–"ပြီးရော"
ဟုပြောနေကြ၍ အိမ်ရဲ့အခြေအနေကိုဆက်၍စောင့်ကြည့်နေကြသည်

Vampires Love   [Completed]  Where stories live. Discover now