Vampires Love

863 81 5
                                    

Part–23

Uni

taehyungနဲ့jungkookအိမ်ထဲဝင်လာတော့ ဟိုသားအမိနှစ်ယောက်မှာsofaပေါ်တွင်ကျကျနနနေရာယူလျက်
ရန်လီပျစ်ဆိုသည်မှာလည်း xiaozhanအနားကိုကပ်ပြီးထိုင်နေသည်မှာရင်ခွင်ထဲတောင်ဝင်တော့မယ် yiboတို့ကတော့မျက်စောင်းတခဲခဲနဲ့ရန်လီပျစ်ကိုကြည့်နေသည်

ပင်မေ့လီ–"အဟမ်း ဒီနေ့ဒီကိုလာရတဲ့အကြောင်းအရင်းက သမက်ရှောင်းနဲ့ဆွေးနွေးချင်စရာလေးတွေရှိလို့ပါ"
ပင်မေ့လီမှသမက်ရှောင်းလို့ခေါ်လိုက်တဲ့အတွက်ကြောင့် xiaozhanမှာနားထဲကိုသံရည်ပူလောင်းထည့်လိုက်သလိုဖြစ်သွားရသည်
ဘယ်သူကသူ့သမီးကိုလက်ထပ်မယ်ပြောလို့လဲတဲ့ငါ့yiboလေးတော့စိတ်မကောင်းဖြစ်နေတော့မှာပဲ 😒
ဟုတွေး၍yiboကိုကြည့်လိုက်ရာ yiboမှသူ့ကိုကြည့်ပြီးပြုံးပြလာသည်မို့သက်ပြင်းလေးအသာချလိုက်မိသည်

xiaozhan–"ဟုတ်ကဲ့ဘာများဆွေးနွေးချင်လို့လဲဗျ"

ထိုအခါပင်မေ့လီမှသူမရှေ့ကသူမကိုစူးစိုက်ကြည့်နေသောကောင်လေးအားတစ်ချက်ကြည့်လိုက်ကာ
"ဒီလိုပါ သိတဲ့အတိုင်း သ​မက်ရှောင်းရဲ့မိဘတွေနဲ့လူကြီးချင်းစေ့စပ်သဘောတူထားတဲ့ကိစ္စလေ အန်တီ့ရဲ့သမီးကလည်းသားအပေါ်မေတ္တာရှိနေတယ်ဆိုတော့ သမက်ရှောင်းဖက်ကလက်ထပ်ပွဲကိုအချိန်မဆွဲစေချင်တော့လို့ ပြီးတော့သမက်ရှောင်းအနေနဲ့လည်းမရှိတော့တဲ့မိဘတွေရဲ့နောက်ဆုံးဆန္ဒဖြစ်တာကြောင့်မငြင်းဆန်စေချင်ဘူး သမက်ရှောင်းကရန်လီ့ကိုအခုမချစ်ဘူးဆိုရင်တောင်နောင်ချစ်ရင်ချစ်လာနိုင်တာပဲလေ မဟုတ်ဘူးလား အဲ့တာကြောင့်သမက်ရှောင်းမိဘတွေရဲ့နောက်ဆုံးဆန္ဒကိုအမြန်ဆုံးဖြည့်ဆည်းပေးလိုက်ပါ သူတို့လည်းတမလွန်ကနေဝမ်းသာနေလောက်မှာ"

xiaozhanမှာဘာပြန်ပြောလို့ပြောရမှန်းမသိတော့ပဲစိတ်ရှုပ်နေသောမျက်နှာအနေအထားဖြစ်နေတာကြောင့်ကြားထဲကjungkookမှမနေနိုင်၍အစားဝင်ပြောရတော့သည်

jungkook–"ဘယ်မိဘမဆိုသားသမီးစိတ်ချမ်းသာတာပဲမြင်ချင်တာမဟုတ်ဘူးလားအန်တီရဲ့ အခုဟာကxiaozhanကရန်လီပျစ်ကိုမချစ်လည်းမချစ်သလိုမုန်းလည်းမမုန်းဘူး ဘာလို့ဆိုရန်လီပျစ်အပေါ်မှာဘာခံစားချက်မှမရှိလို့လေ ပြီးတော့အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုကဘယ်လောက်များကြာရှည်ခံနိုင်မှာမို့လို့လဲ အဲ့တာကြောင့်အန်တီတို့အချိန်ယူစဥ်းစားဖို့လိုတယ်လို့ကျနော်ထင်တယ် အန်တီပြောသလိုxiaozhanကရန်လီပျစ်ကိုအခုမချစ်လဲနောင်ချစ်သွားမှာပါဆိုတဲ့စကားကxiaozhanအပေါ်နည်းနည်းမှသက်ရောက်မယ်မထင်ဘူး ဘာလို့ဆိုxiaozhanနှလုံးသားထဲမှာတစ်ယောက်သောသူကနေရာယူထားတယ်လေ အခုxiaozhanမှာကချစ်သူရှိနေတာဖြစ်ပြီး သူသူ့ချစ်သူကိုဘယ်လောက်ချစ်လဲဘယ်လောက်ဂရုစိုက်လဲဆိုတာကို သူ့ရဲ့ညီအရင်းဖြစ်တဲ့ကျနော်ကမျက်မြင်ကိုယ်တွေ့ဖြစ်လို့ သူ့မှာနောက်ထပ်ချစ်ရသူဆိုတာရှိလာတော့မှာမဟုတ်ဘူး အဲ့တာကြောင့်အန်တီသေချာစဥ်းစားပါကိုယ့်သမီးအချစ်မခံရတဲ့ဘဝကိုမရောက်စေဖို့အမေဖြစ်သူအန်တီ့အနေနဲ့ပြန်လည်သုံးသပ်ဖို့လိုတယ်"
စကားအရှည်ကြီးကိုတည်တည်ငြိမ်ငြိမ်နဲ့ပဲပြောလာသောသူအားရန်လီပျစ်တော်တော်ကိုအမြင်ကပ်မိသည် ဒေါသလည်းထွက်တာကြောင့်မို့ဘယ်သူ့ကိုမှလှည့်မကြည့်ပဲအဲ့နေရာကသာထွက်လာလိုက်တော့သည်
ပင်မေ့လီကတော့လက်သီးကိုတင်းတင်းဆုပ်ကာ
"ကောင်းပြီလေ နောင်တမရပါစေနဲ့"
ပြောပြီးသည်နှင့်သူမရဲ့သမီးဖြစ်သူနောက်ကိုသာအပြေးလိုက်လာလိုက်သည်
သူတို့ရဲ့အဖြစ်ကအိမ်တိုင်ရာရောက်လာပြီးအစော်ကားခံနေသလိုပဲ

Vampires Love   [Completed]  Where stories live. Discover now