Vampires love

1.3K 134 6
                                    

Part-5

Uni

At morning

yiboနဲ့taehyung တို့အိမ်ကနေထွက်လာလိုက်တယ် skateboardကိုယ်စီနဲ့ပေါ့
.
.
.
yiboနဲ့taehyungအိမ်တစ်အိမ်ရဲ့ရှေ့တွင်ရပ်လိုက်ကြသည် အနည်းငယ်ရှေးဆန်တဲ့အိမ်တံခါးအဟောင်းရီးတစ်ခုရှေ့ပေါ့

taehyung-"yiboငါ bellတီးလိုက်ရမလား"

yibo-"အော် အိမ်ရှေ့ပဲရောက်နေပြီတီးလိုက်တော့ပေါ့"ဟုစိတ်မရှည်သောလေသံဖြင့်ပြောလိုက်သည် 'ဟုတ်တယ် အိမ်ရှေ့ပဲရောက်နေပြီကို'

taehyung bellကို သုံးခါဆက်တိုက်နှိပ်လိုက်တယ်

အိမ်ထဲကနေ အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့ဦးလေးရီးတစ်ယောက်ထွက်လာတယ် အသက်၄၀အရွယ်လောက်ပေါ့
အဲ့ဦးလေးရီးကyiboနဲ့taehyungကိုမြင်တော့

ဦးလေးရီး- "aww မင်းတို့ လာပြီလား ငါကမလာတော့ဘူးလို့တောင်ထင်နေတာ"
ဟုရင်းရင်းနှီးနှီးပြောတော့

yibo-"ဦးလေးဟန်ကလည်းကျနော်တို့ဒီချိန်လာနေကြပဲကို လာရမှာပေါ့ "

taehyung-"ဘာလဲ ဦးလေးဟန်ကမလာစေချင်လို့လား"

ဦးလေးဟန်-"အေ ဟုတ်တယ် မင်းတို့လာရင်အလုပ်ရှုပ်လို့"ဟုပြောပြီးတံခါးဖွင့်ပေးကာသူ့အိမ်ထဲကိုပြန်ဝင်သွားသည်

အဲ့ဦးလေးဟန်ကအဲ့တိုင်းပဲ ကျနော်တို့နဲ့ဆိုဘုနဲ့ဘောက်အကြောမတည့်ဘူး ဒါပေမဲ့လည်းကိုယ့်လူရင်းတွေလိုဖြစ်နေပါပြီ ဦးလေးဟန်ရဲ့နာမည်အပြည့်အစုံက ဟန်ချင်းယွီတဲ့ ကျနော်နဲ့yiboနဲ့ကတော့ဦးလေးဟန်လို့ပဲခေါ်တယ် ဦးလေးဟန်နဲ့ကျနော်တို့ရဲ့တွေ့ပုံကနည်းနည်းတော့ထူးဆန်းတယ်ဗျ
.

.

ကျနော်တို့လည်းအထာနပ်သူပီပီဦးလေးဟန်နောက်ကိုတန်းနေအောင်လိုက်သွားတော့သည် ဦးလေးဟန်ကအိမ်မှာတစ်ယောက်တည်းနေတာ သူ့ရဲ့အိမ်ကတော်တော်ကိုကျယ်တယ် အိမ်ထဲဝင်လိုက်တာနဲ့ပန်းပင်နဲ့ပန်းအိုးလေးတွေကိုလမ်းတစ်လျှောက်စီစီရီရီစိုက်ထားတာတွေ့ရတယ် ဦးလေးဟန်ကပန်းတော့ကြိုက်တယ် အိမ်တံခါးကြီးကသာအိုနေတယ်ထင်ရတာ အိမ်ထဲမှာတော့တော်တော်လေးကိုသာယာတယ် အိမ်ကြီးက ဆေးပြန်မသုတ်ထားတော့နည်းနည်းဟောင်းသလိုရှိတယ် အိမ်ရဲ့အရောင်ကနို့နှစ်ရောင်ကိုမှခေါင်မိုးကိုအနီရောင်သုတ်ထားတာ နည်းနည်းအက်ကြောင်းထက်နေတာကလွဲရင်ကျန်တာကတော့အဆင်ပြေပါတယ်....

Vampires Love   [Completed]  Where stories live. Discover now