❤HE IS MY LOVE❤PART..1❤

1K 67 5
                                    

[ Unicode ]

ညနက်အချိန်မှာ မောင်းလာတဲ့ ကားအနက်လေးတစ်စီး ထိုကားလေးဟာ ဖြည်းဖြည်းမှန်မှန်လေးပဲ မောင်းလာတာပါ ဒါမဲ့ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်က ထိုကားရှေ့ကို ရုတ်တရက်ပေါ်လာတော့ အရှိန်ကို မနည်းထိန်းယူလိုက်ရတယ် အဲ့တော့ မောင်းနေတဲ့ သူက အနည်းငယ်ဒေါသထွက်ကာ...

' ဟာ ဘယ်လိုလူလဲ ကားတစ်စီးလုံးလာနေတာကို မမြင်တာ '

ကားပေါ်ကလူလဲ ဆင်းပြီး ကြည့်လိုက်တော့ ဟိုလူက အခုထိ ထိုင်ကောင်းတုန်း ဒါနဲ့ သူလဲ စိတ်မရှည်တော့ပဲ...

' ဟေ့ ဒီမှာ '

ထိုအခါမှ မော့ကြည့်လာခဲ့သည့် ထိုလူသား သူတွေးလိုက်မိပါသည် သူ့ထပ် ငယ်မိပုံပေါက်သည့် ထိုကောင်လေးဟာ တကယ်ကိုချောသည်ဆိုတာ ဒါမဲ့ သူသတိထားမိလိုက်တာက ကောင်လေးက သူ့ကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေတယ်ဆိုတာ သူလဲ နေရခက်လာတော့ ချောင်းတစ်ချက်ဟန့်ကာ...

'​ကေ..ကောင်လေး မင်းဘာဖြစ်သွားသေးလဲ'

ဆင်းလာတုန်းကတော့ နည်းနည်း ဟောက်မို့ပါဘဲ ဒါပေမယ့် ကောင်လေးကို တွေ့တော့ ဟောက်မဲ့ စကားလုံးတွေက ဘယ်ရောက်သွားမှန်းမသိ...

' ဟေ့ ဘာဖြစ်သွားသေးလဲလို့ '

ခေါ်နေတာကိုတောင် သူ့ပဲ ငေးကြည့်နေတဲ့ ကောင်လေးကြောင့် နည်းနည်း ပူရှိန်းရှိန်းဖြစ်လာတာမို့ ထပ်ခေါ်လိုက်မှ ရယ်ကျဲကျဲနဲ့ ထလာတဲ့ ထိုလူသား မတ်တပ်ရပ်လိုက်တော့ အရပ်က သူ့အရပ်ထပ် ပိုရှည်နေတာပဲ ဟင်း
ကောင်လေးနဲ့ ယှဥ်လိုက်မှ သူက ရင်ခွင်မှီလိုတောင် ဖြစ်သွားသေး ဒါတွေအသာထားပါ အခု အရေးကြီးတာက အခုထိသူ့ကို ရယ်ကျဲကျဲနဲ့ ​ကြည့်နေတဲ့ ထိုလူပင် သူပဲ စကားစရမယ်ထင်တယ်

' မ..မင်းအဆင်ပြေရဲ့လား '

ရယ်ကျဲကျဲ လုပ်နေရာကနေ နှုတ်ခမ်းလေးစိလို့ ပြုံးပြလိုက်တဲ့ ကောင်လေးကြောင့် သူ့မှာ ငေးခနဲပဲ ဒီလောက် ကြည့်ကောင်းအောင် ပြုံးနိုင်တဲ့ လူသားလဲ ရှိသေးတာပဲ ဟုတ်ပါတယ် သူအနည်းငယ်တော့ ငေးမိသွားပါသည်...

' ဟီးဟီး ကျွန်တော် အဲ့လောက်ချောမှန်း ကိုယ့်ဟာကိုယ်တောင် သတိမထားမိဘူး '

❤HE IS MY LOVE❤Where stories live. Discover now