❤HE IS MY LOVE❤PART..8❤

282 44 35
                                    

[ Unicode ]

၄ ရက်ခန့်ကြာသော် ညအချိန်၌...

* why oh why baby why not me *

ရေမိုးချိုးပြီးပြီဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး
အကျီတစ်ထည်ကို ကောက်စွတ်မို့ ပြင်နေတုန်း ဖုန်းလေးမြည်လာခဲ့သည့်အတွက်ကျယ်ဟန် ကောက်ကိုင်လိုက်တော့...

* ကျွင်းကျွင်းပဲ *

မျက်နှာထက်တွင်ပေါ်လာသော အပြုံးရေး
ရေးလေးနဲ့အတူ ဖုန်းလေးအား ကိုင်လိုက်သည်...

' ဟဲလို... '

' ဟန်ဟန် အားလားဟင် '

' အွန်း အားတယ်လေ '

' အဲ့တာဆို ပြတင်းပေါက်လေးကနေ အောက်
ကို လှမ်းကြည့်ကြည့် '

' ဟမ်... '

' ကြည့်လိုက်ပါ '

ပြတင်းပေါက်နားသွားကာ လိုက်ကာဆွဲဖွင့်ဖို့
အလုပ်တွင် အဝတ်အစား မဝတ်ရသေးမှန်း
ကျယ်ဟန်သတိရသွားသည် ထို့ကြောင့် တွေ့
ရာအကျီတစ်ထည်ကို အမြန်ကောက်စွတ်လိုက်ပြီးမှပဲ လိုက်ကာလေးကို လှန်လိုက်တဲ့အခါ...

ခြံရှေ့တွင် ကားကိုမှီကာ လက်ထဲတွင် သူနှင့်
ဖုန်းပြောနေပါသော ကုန်းကျွင်း...

' ဟန်ဟန်ရာ ကြာတာ '

' အ..အဲ့တာက နေ..နေပါဦး ဘယ်လိုရောက်နေတာလဲ '

' ဟန်ဟန့်ကို တွေ့ချင်လို့ပေါ့ '

' ငါ့ကို တွေ့ချင်တာနဲ့ပဲလား '

' အင်း ဟုတ်တယ်လေ တခြားဘာအ​ကြောင်းရှိရမှာလဲ '

' အေ..အော် '

' ခဏဆင်းခဲ့ပါလားတွေ့ချင်လို့အနီးကပ်လေး.... '

' အ..အင်း ဆင်းခဲ့မယ် '

' ဒါဆို စောင့်နေတယ်နော် '

ဖုန်းလေးကျသွားတာနဲ့ မှန်ရှေ့အမြန်သွားကာ
အသက်ဝဝရှူနေရသော ကျယ်ဟန်...

' ဒီကောင်လေး ပြောလိုက်တိုင်း ဘာကိစ္စ ရင်
ဘတ်ထဲက ခုန်ခုန်လာရတာလဲ ပြီးတော့ ဒီ
မျက်နှာ ရဲမနေနဲ့ မရဲနဲ့ '

သူ့ပါးသူ အနည်းငယ်ရိုက်လိုက်ကာ ခြံရှေ့က
ကောင်လေးဆီအား ဦးတည်သွားသည် လှေကားထစ်လေးတွေကပေါ်က ဆင်းလိုက်
သည်နှင့် အခန်းထဲက ထွက်လာသော မားနဲ့
တည့်တိုးတော့သည်...

❤HE IS MY LOVE❤Where stories live. Discover now