[ Unicode ]
အိပ်ရတာဝသွားပြီ ဖြစ်တာကြောင့် ကျယ်ဟန်ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းထကာ အကြောဆန့်လိုက်သည်။ပြီးနောက် ပျင်းရိစွာသန်းဝေလိုက်ရင်း လက်ကလဲ ဖုန်းလေးအား ဖွင့်လိုက်ချိန်...။
' ဟမ်..၄နာရီတောင် ထိုးပြီပေါ့..ဟား..ထမှပါလေ '
အခန်းလေးထဲက ရေချိုးခန်းလေးထဲ ဝင်လိုက်ပြီး မျက်နှာကို ရေနဲ့ဆေးကာ အောက်ထပ်ကို ဆင်းလာလိုက်သည်။ ဆင်းလိုက်သည်နှင့် မွှေးကြိုင်နေသည့် အနံ့လေးများကြောင့် မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်တဲ့အခါ ထမင်းစားပွဲပေါ်တွင် တင်ထားသော ရေဘဝဲ၊ကင်းမွန်၊ဂဏန်း...။ ကြည့်ရင်း သရေတောင်ကျချင်သည်။ဘေးတွင်တော့ မီးဖိုရှေ့တွင် ချက်ပြုတ်နေသည့် ကျွင်းကျွင်း။ သူရောက်နေတာ သတိတောင်ထားမိပုံမပေါ်ဘူး။အသံပေးမှပါလေ...။
' ကျွင်းကျွင်း '
လက်ထဲတွင် ဇွန်းကြီးနဲ့အတူ လည်ပြန်လှည့်ကာကြည့်ရင်း ပြုံးပြလာကာ ဇွန်းကြီး သူ့ရှေ့ကို ထိုးပေးလာသည်။
' ဟမ်... '
' စားကြည့် ကောင်းလားလို့...ဟီး '
ဇွန်းလေးထဲက ပုဇွန်လေးကို ယူစားလိုက်ကြည့်တဲ့အခါ နုအိနေပြီး ချဥ်စပ်အရသာလေးပင်။ ကျယ်ဟန်သည် ပုစွန်ကို တမြုံ့မြုံ့ဝါးရင်း။
' အွန်း..အရမ်းစားလို့ကောင်းတယ် '
' ဟီး ဒါလေးလည်းရတော့မယ် ဟန်ဟန်စားပွဲမှာ သွားထိုင်စောင့်နှင့် '
' ငါဘာကူရအုန်းမလဲ '
' မကူပါနဲ့ သွားပဲထိုင်နေပါ '
' အဲ့တာဆိုလဲ သွားထိုင်မယ် '
စားပွဲမှာ ထိုင်လိုက်ရင်း ဟင်းချက်နေသည့်ကောင်လေးကို ပြုံးကာ ကျယ်ဟန်ကြည့်နေလိုက်တယ်။ တခြားကြည့်စရာမှမရှိဘဲ..။ ခဏကြာတဲ့အခါ ပုဇွန်တွေထည့်ထားတဲ့ ပန်းကန်လေးနဲ့အတူ စားပွဲကို ကုန်းကျွင်းရောက်လာခဲ့သည်။
' အကုန်ပြန်ပူသွားပြီ စားရအောင် '
' ပြန်ပူသွားပြီ??? '
' အာ..ဟုတ်တယ် ပြန်နွှေးထားတာ..အစောက ဟန်ဟန်အိပ်ပျော်နေလို့လေ '
YOU ARE READING
❤HE IS MY LOVE❤
Fanfictionခင်ဗျားလေးက အရမ်းတွေ ကျွန်တော့်ကို ဆွဲဆောင်နေတော့ ဒီလူက ဘယ်နေတတ်တော့မလဲ ကျွန်တော့်အလွန်မဟုတ်ဘူးနော် ဒီအကောင့်ကို ငါ့ရှေ့မှာ ပေါ်ပေါ်မလာအောင် တစ်ယောက်လောက် ဖမ်းထားပေးကြပါလား... #junzhe #mochi_mochi_27 #first_fanfic #အမှားပါရင် ခွင့်လွှတ်ပေးကြပါ ခင္ဗ်...