❤HE IS MY LOVE❤PART..5❤

338 52 21
                                    

[ Unicode ]

မောင်းသူနေရာတွင်ထိုင်ကာ ကိုယ့်ကားလို အေးအေးဆေးဆေး မောင်းနေနိုင်တဲ့ ကုန်းကျွင်းပါလေ ဒါမဲ့ သူ့ကို အပြစ်ပြောလို့ မရပေ ပိုင်ရှင်ကြီးဖြစ်တဲ့ ကျန်းကျယ်ဟန်ကိုယ်တိုင်က ခွင့်ပြုထားသည်မဟုတ်လား...

ကျယ်ဟန်မှာ ကားပြတင်းပေါက်လေးကို မှီကာ အပြင်ကို မှိုင်မှိုင်လေး ငေးကြည့်နေတယ်
ကုန်းကျွင်းမှာလည်း ကျယ်ဟန်ကို ဒီတိုင်းလေးသာ လွှတ်ပေးထားလိုက်ရင်း စိတ်ထဲတွင်လဲ မကျေမနပ်ဖြစ်နေတာပေါ့...

* ဟန်ဟန်ရာ ကျဲ ကို ဘယ်လောက်ထိတောင်
မျှော်လင့်နေခဲ့တာတုန်းကွာ *

တစ်ဖက်ရှိကျယ်ဟန်မှာလည်း...

* ရိရှင်း..ဟင်း..အခု သူ့မှာလည်း ရည်ရွယ်ထားသူ ရှိနေပြီဆိုတော့ ငါ သူ့အပေါ် စိတ်ဖြတ်မှ ဖြစ်လိမ့်မယ် ခဏလောက်ပဲ ခံစားရ
လောက်မှာပါလေ *

ဒီလိုနဲ့ မှိုင်မှိုင်တွေတွေကြီး ပါလာတဲ့ ကျယ်ဟန်နဲ့ မျက်နှာကြီးတည်ကာ ကားမောင်းလာတဲ့ ကုန်းကျွင်းတို့ နှစ်ယောက်ဟာ ဦးတည်ရာသို့ရောက်ရှိခဲ့ချိန်တွင်တော့...

' ဟန်ဟန် ရောက်ပြီလေ ဆင်းရအောင် '

အခုထိ သူ့ကို ကြားပုံမပေါ်တဲ့ ဟန်ဟန်ကြောင့် ကုန်းကျွင်းမှာ လက်မောင်းလေးကို ပုတ်
လိုက်ရတယ်...

' ဪ ရောက်ပြီလား '

' အင်း... '

ကားပေါ်က ဆင်းပြီးချိန်တွင် ကျယ်ဟန် ကုန်း
ကျွင်းကို စကားစဖို့ပြင်လိုက်ပေမဲ့...

' လာလေ ဟန်ဟန် ဘာမှမကြောက်နဲ့ ကျွန်
တော်ရှိတယ် ဝင်ရအောင် '

နေစမ်းပါဦး အဲ့စကားက ကျယ်ဟန် ​ပြောရမှာ မဟုတ်ဘူးလား အခုတော့ ကုန်းကျွင်းက
ကိုယ့်အိမ်ကိုယ့်ယာလို ကျယ်ဟန်ကို ဆွဲကာ
အထဲ ဝင်သွားပါလေရော...

' ကျန်းကျယ်ဟန် '

' မ..မား '

အိမ်ထဲရောက်ရောက်ချင်း မားရဲ့ အသံကို အရင်ကြားရတာပါဘဲ...

' နင် ဘယ်တွေ သဝေထိုး... '

' တွေ့ရတာ ဝမ်းသာပါတယ် အန်တီ '

❤HE IS MY LOVE❤Where stories live. Discover now