❤HE IS MY LOVE❤PART..4❤

359 57 2
                                    

[ Unicode ]

* က..ကုန်းကျွင်း ရိရှင်းနဲ့ ကုန်းကျွင်းနဲ့က ဘယ်လိုသိတာလဲ ကုန်းကျွင်းဘေးက တစ်
ယောက်ကကော ဘယ်သူလဲ ပြီးတော့ ဘာလို့
သူတို့နှစ်ယောက်က စပရိုက်လဲ *

ကျယ်ဟန်ရဲ့ ခေါင်းထဲမှာ မေးခွန်းပေါင်းစုံ ရှိ
နေခဲ့တယ် ဒါမဲ့ ကုန်းကျွင်းဆိုတဲ့ ကောင်လေး
ကတော့ သူရှိရာကို အပြုံးတစ်ပွင့်နဲ့ လျှောက်
လှမ်းလို့လာတယ်...

* ဒီကောင်လေး တကယ်ချောတာပဲ *

ကျယ်ဟန်တစ်ယောက် ကုန်းကျွင်းနဲ့ ပါလာတဲ့ သူကိုတောင် သတိမထားမိဘဲ ဖြစ်နေခဲ့
တယ် အကျီအဖြူရောင်လက်ရှည်ကို တံတောင်လောက်ထိ ခေါက်တင်ထားပြီး ဘောင်းဘီ အမည်းအရှည်နဲ့ ဖြူဖွေးကြည်
လင်နေတဲ့ အသားအရည်က မီးရောင်အောက်မှာ တောက်ပလွန်းနေလေရဲ့ ခြေတံ သွယ်သွယ် ရှည်ရှည်တွေ တစ်လှမ်းပြီးတစ်လှမ်း
ရွေ့လာခဲ့တာကို ကျယ်ဟန်မှာ အကြည့်မခွာနိုင်...

' ဟီးဟီး ထပ်တွေ့ပြန်ပြီနော် '

ကုန်းကျွင်းရဲ့ ချောမောမှုမှာ မျောနေခဲ့တာကြောင့် သူ့အနားမှာ ဝင်ထိုင်လာခဲ့တာတောင်
မသိလိုက်ဘူး ဟီးဟီး ဆိုတဲ့ အသံကြီးကြားမှ
ဘဲ...

' နင်တို့က သိပြီးသားလား '

ရိရှင်းက ကုန်းကျွင်းနဲ့ ကျယ်ဟန်ကို ကြည့်ကာ မေးလိုက်တယ်...

' အင်း '

ကျယ်ဟန်က လိုရင်းတိုရှင်းဖြေလိုက်ပေမဲ့ ကုန်းကျွင်းကတော့...

' ဟင်း..ဖူးစာဆုံတာပေါ့ ဘယ်လိုပြောရမလဲ လမ်းမပေါ်က ချစ်ချင်းမေတ္တာလို့ဆိုရမလား '

' ဘ..ဘယ်လို '

ရိရှင်းမှာ နားမလည်နိုင်စွာ မေးခွန်းထုတ်မိတယ် ကျယ်ဟန်မှာတော့ သူ့ဘေးရှိ ကုန်းကျွင်းကိုသာ ပြူးကြည့်လိုက်မိတဲ့အခါ သွားစိပြီး
ရယ်ပြတာကို တိုးတာဘဲ မကျေနပ်ချက်နဲ့ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ရှေ့ပြန်လှည့်ကာ ရိရှင်းနဲ့ ရိရှင်းဘေးရှိ ကောင်လေးကို ရှင်းပြရသေး...

' ဒီတိုင်းပါ မနေ့က ငါ့ကားနဲ့ သူနဲ့​ တိုက်မိမလို ဖြစ်တာ '

❤HE IS MY LOVE❤Where stories live. Discover now