အခန်း ၁။

5.1K 615 21
                                    

Unicode

အခန်း ၁။ ကိုယ်နဲ့အတူ မနက်စာစားပါ
_________________

ရွှီအန်းဖျင် ဆေးခန်းတံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ လူတစ်ယောက် အလောတကြီးဝင်လာတယ်။

"သမားတော်ရွှီ၊ ကျွန်တော်တို့သခင်လေး အသည်းအသန်ဖြစ်နေလို့ လိုက်ကြည့်ပေးလို့ရမလားခင်ဗျာ?"

ပျာယီးပြာယာနဲ့အဲ့လူရဲ့ပုံစံကိုကြည့်ပြီး လူနာက အတော်လေးအခြေအနေမကောင်းလောက်ဘူးလို့ သူထင်လိုက်မိတာမို့ ရွှီအန်းဖျင် ခေါင်းငြိမ့်ပြီး ဆေးသေတ္တာကို ကောက်ကိုင်လိုက်တယ်။

"လမ်းပြပါ။"

ဆေးခန်းနဲ့မလှမ်းမကမ်းမှာတော့ မြင်းလှည်းတစ်စီးရပ်ထားတယ်။ အဲ့လူက ရွှီအန်းဖျင်ကို မြင်းလှည်းပေါ်တက်စေတယ်။

ရွှီအန်းဖျင် မြင်းလှည်းပေါ်ရောက်တာနဲ့ မြင်းလှည်းက စတင်ထွက်ခွာတယ်။ ကွမ်းတစ်ယာညက်‌လောက်အချိန်ရောက်တော့ မြင်းလှည်းရပ်သွားပြီ။

"ရောက်ပါပြီ သမားတော်ရွှီခင်ဗျာ။"

မြင်းလှည်းပေါ်က ဆင်းဆင်းချင်းမှာ မြင်လိုက်ရတာက ခမ်းနားလွန်းတဲ့စံအိမ်အကြီးကြီးတစ်ခုပဲ။ ရွှီအန်းဖျင် ဒီစံအိမ်ကိုသိတယ်။ ဒါက ဘုရင်ခံမင်းသားစစ်ထူမင်ယဲ့ရဲ့ မြို့တော်တွင်းက စံအိမ်တစ်ခုပဲ။

"ဒါက..."

ရွှီအန်းဖျင် သူ့ကိုလာပင့်တဲ့သူကို လှည့်ကြည့်လိုက်တယ်။ ပြီးတော့ ဒါက စစ်ထူမင်ယဲ့ရဲ့နောက်ထပ်လှည့်ကွက်တစ်ခုပဲဆိုတာ သူရိပ်မိသွားတယ်။

"ကျွန်တော် သူ့ကို သွားတွေ့မှာမဟုတ်ဘူး။"

ရွှီအန်းဖျင် ပြောပြီးလှည့်ထွက်လိုက်ပေမယ့် အဲ့လူက သူ့ကို အလောတကြီးခေါ်လာတယ်။

"သမားတော်ရွှီ..."

ဒီလူ့လေသံ‌ထဲမှာ တောင်းပန်တိုးလျှိုးတဲ့အရိပ်အယောင်တွေပါနေတယ်။ ရွှီအန်းဖျင် သက်ပြင်းချပြီး ကိုယ်ကိုပြန်လှည့်လို့ ခြေလှမ်းတွေကို အိမ်တော်တံခါးဝဆီဦးတည်လိုက်တယ်။

သူ ဘာတတ်နိုင်ဦးမှာလဲ? သူသာ စစ်ထူမင်ယဲ့ကိုသွားမတွေ့ရင် သူ့ကိုလာခေါ်တဲ့လူ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရလိမ့်မယ်။ စစ်ထူမင်ယဲ့က လူတွေကိုညှာတာသနားတတ်တဲ့ သူ့ပျော့ကွက်ကိုသိနေတော့လည်း။

I Just Want To Live Peacefully [Completed]Where stories live. Discover now