Unicode
အချပ်ပို ၁။ အမှန်ဖြစ်သွားသော ကောလဟာလ
________သာမန်ညောင်ညသမားတော်လေးတစ်ယောက်နဲ့ လောကကြီးရဲ့အမြင့်တစ်နေရာမှာရပ်တည်နေတဲ့ စစ်သူကြီးတစ်ယောက်ရဲ့တွေ့ဆုံမှုက ဘယ်လိုများစတင်ခဲ့ပါလိမ့်။
စစ်ထူမင်ယဲ့နဲ့ရွှီအန်းဖျင်တို့ အပြန်အလှန်သိတာ ဒီတစ်ခေါက် စစ်ထူမင်ယဲ့ မြို့တော်ကိုပြန်လာတဲ့အချိန်မှာပေါ့။ အပြန်အလှန်လို့ဆိုရတဲ့အကြောင်းအရင်းကတော့ ရွှီအန်းဖျင်က စစ်ထူမင်ယဲ့ကို အချိန်အတော်ကြာတည်းကသိနေနှင့်ပြီး စစ်ထူမင်ယဲ့က ရွှီအန်းဖျင်ကို ငါ အခုပြောခဲ့တဲ့အချိန်မှ သိလို့ပဲ။
အဲ့တုန်းက နှစ်သစ်ကူးဖို့ သုံးလေးရက်လောက်ပဲလိုတော့တာ။ စစ်ထူမင်ယဲ့က နယ်စပ်ကိုစောင့်ကြပ်နေရာကနေ တာ့ရှောင်းမင်းကြီးရဲ့ဆင့်ခေါ်မှုကြောင့် နန်းမြို့တော်ကို ပြန်ရောက်လာချိန်။ ပြီးတော့ ဒီနှစ်ရဲ့နှစ်သစ်ကူးချိန်ဟာ စစ်ထူမင်ယဲ့ကို ဘုရင်ခံအဖြစ်ခန့်အပ်မယ့်အချိန်ပါလေ။
အေးစက်ပြီးထက်မြက်တဲ့လူတစ်ယောက်အနားမှာ ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းကောင်းတစ်ယောက်တော့ရှိတတ်တယ်။ စစ်ထူမင်ယဲ့ကလည်း ခြွင်းချက်မဟုတ်ဘူး။ သူ့မှာ ယဲ့ကျင်းချန်ဆိုတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ယောက်ရှိတယ်။ ယဲ့ကျင်းချန်က ပျော်ပျော်နေတတ်ပေမယ့် အလုပ်,လုပ်ရင်တော့ အလေးအနက်ထားတတ်တယ်။
ထားပါတော့။ အဓိကလိုရင်းကိုပြန်သွားကြရအောင်။ လက်ရှိမှာတော့ စစ်ထူမင်ယဲ့နဲ့ယဲ့ကျင်းချန်က မြို့တော်ရဲ့အကောင်းဆုံးစားသောက်ဆိုင်ဖြစ်တဲ့ယွဲ့ယွီမှာရှိနေခဲ့တယ်။ သူတို့နှစ်ယောက်က ဒုတိယထပ်ရဲ့သီးသန့်ခန်းမှာ။
"ရှောင်ယဲ့၊ ငါပြောမယ်။ မင်းက ဝတ်ရုံလက်ပြတ်တစ်ယောက်လို့ ငါကြားလာတယ်။"
ယဲ့ကျင်းချန်က စစ်ထူမင်ယဲ့ကို အတည်ပေါက်ပုံစံနဲ့ပြောလာတာ။ စစ်ထူမင်ယဲ့ကတော့ လက်တစ်ဖက်ကို စားပွဲပေါ်တင်လို့ ပျင်းပျင်းရိရိနဲ့မေးထောက်ထိုင်နေတယ်။
စစ်ထူမင်ယဲ့အနားမှာ မိန်းကလေးတွေကို တွေ့ရခဲတာကြောင့် လူအတော်များများအဲ့လိုထင်တာ ဆန်းတော့မဆန်းပါဘူး။
VOCÊ ESTÁ LENDO
I Just Want To Live Peacefully [Completed]
Ficção HistóricaTitle : I Just Want To Live Peacefully (ငါ အေးအေးချမ်းချမ်းလေးပဲနေချင်တာ) Genre : historical, romance, shounen-ai Start Date : 1.June.2021 End Date : 30.June.2021