အခန်း ၄။

2.4K 493 11
                                    

Unicode

အခန်း ၄။ တောင်းပန်ပါတယ်
____________

ရွှီအန်းဖျင်အတွက် နေ့ရက်တွေက ရှည်လျားလွန်းနေတယ်။ သူ့နေ့စဉ်ဘဝက ပုံမှန်အတိုင်းလည်ပတ်နေပေမယ့် တစ်ခုခုလိုအပ်နေသလိုပဲ။ နေ့တိုင်းလိုလို သူနဲ့တွေ့ရဖို့ အကွက်ဆင်နေတဲ့လူတစ်ယောက် မရှိတာကြောင့်ဖြစ်မယ်။

အခုဆို တစ်လလောက်ရှိရောပေါ့။ မြောက်ပိုင်းနယ်စပ်က အရမ်းအေးတယ်လို့သူကြားဖူးတယ်။ စစ်ထူမင်ယဲ့ အဆင်ပြေလောက်မှာပါ၊ ဟုတ်တယ်မလား?

ရွှီအန်းဖျင်မေ့နေတာကတော့ စစ်ထူမင်ယဲ့က သူနဲ့မဆုံတွေ့ခင် နှစ်တွေအကြာကြီးတည်းက မြောက်ပိုင်းနယ်စပ်ကိုစောင့်ကြပ်နေခဲ့တဲ့သူဆိုတာပါပဲ။

ရွှီအန်းဖျင် သူဖတ်နေတဲ့ဆေးစာအုပ်ကိုပိတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ လမင်းကြီးကတော့ကောင်းကင်ထက်မှာ ပြည့်ဝိုင်းရွှန်းလဲ့နေပြီး ညအမှောင်ကိုခွင်းလို့ လောကတစ်ခွင်ကို အလင်းဓာတ်ဆောင်ကျဉ်းပေးနေတယ်။

ရွှီအန်းဖျင် ထိုင်နေရာကထလိုက်ပြီး အိမ်အပြင်ဘက်ကိုထွက်လာလိုက်တယ်။ လပြည့်ညက လူတွေကို လွမ်းမောစေနိုင်တယ်ထင့်။ ရွှီအန်းဖျင်ရဲ့စိတ်က ဒီနေ့မှာ စစ်ထူမင်ယဲ့ကို ခဏတိုင်းသတိရနေမိတယ်။ အရင်ရက်တွေကလည်း သတိရတယ်ဆိုပေမယ့် အလုပ်တစ်ခုခုလုပ်လိုက်တာနဲ့ မေ့သွားတာပဲ။

ရွှီအန်းဖျင်က သူ့လက်ထဲကဆံထိုး‌လေးကိုဆုပ်ကိုင်ရင်း လမင်းကြီးကို ထပ်မော့ကြည့်တယ်။

"ခင်ဗျားရော လမင်းကြီးကိုကြည့်နေရဲ့လား?"

စစ်ထူမင်ယဲ့ကို သတိရနေတဲ့စိတ်တွေက ပိုပိုတိုးလာတယ်။ ပြီးတော့ သူ့စိတ်တွေက လေးလံနေတယ်။

ရွှီအန်းဖျင်မှာ ခဲဆွဲထားသလို လေးလံနေတဲ့စိတ်နဲ့ပဲ အိပ်ရာဝင်ခဲ့ရ‌လေရဲ့။
...

မြောက်ပိုင်းနယ်စပ်မှာတော့ စစ်ထူမင်ယဲ့ဟာ လပြည့်ညကို ရှုစားမနေခဲ့ပါဘူး။ အဲ့အစား သူက ရွက်ဖျင်တဲတစ်ခုထဲမှာ သွေးဆုတ်ဖြူဖျော့နေတဲ့မျက်နှာနဲ့ လဲလျောင်းနေတယ်။

I Just Want To Live Peacefully [Completed]Where stories live. Discover now