အချပ်ပို ၃။

3K 439 25
                                    

Unicode

အချပ်ပို ၃။ မင်းလုပ်ရမှာက ကိုယ့်ဘေးမှာရပ်နေဖို့ပါပဲ
___________________

"စစ်သူကြီးစစ်ထူ..."

နောက်နားဆီက မကြည်မလင်ခေါ်သံကြောင့် စစ်ထူမင်ယဲ့ သူ့မြင်းနှစ်ကောင်ကို အစာကျွေးနေရာကနေ လှည့်ကြည့်တယ်။ တကယ်တော့ ဒီအသံပိုင်ရှင် ဘယ်သူလဲဆိုတာ သူသိထားပြီးသားပါ။ သူ့ကို ဒီလေသံနဲ့ခေါ်ရဲတဲ့လူက တစ်ယောက်ပဲရှိတာလေ။

ရွှီအန်းဖျင်ကိုလှည့်ကြည့်လာတဲ့ စစ်ထူမင်ယဲ့ရဲ့မျက်နှာထက်မှာတော့ အပြုံးလေးတစ်ခုယီးလေးခိုလို့။ ဒီအပြုံးကိုမြင်လိုက်ရတဲ့မိန်းမပျိုတိုင်း စစ်ထူမင်ယဲ့ခြေရင်းမှာ ဝပ်ဆင်းရလောက်တယ်။ ကံမကောင်းချင်တော့ ရွှီအန်းဖျင်က မိန်းမပျိုလေးမဟုတ်ဘဲ ယောက်ျားပျိုလေးဖြစ်နေတယ်။ စစ်ထူမင်ယဲ့ဆီက ဒီအပြုံးကို မြင်ရပါများလွန်းလို့ သူ ဖြုံတောင်မဖြုံတော့ဘူး။

တစ်ခါတစ်လေတော့လည်း တွေးမိသား၊ တကယ်လို့ သူသာ မိန်းကလေးတစ်ယောက်ဆို စစ်ထူမင်ယဲ့ကို သေချာပေါက်ပြန်ကြိုက်မိလောက်တယ်လို့။ ဒါပေမယ့် လောကကြီးမှာ တကယ်လို့ဆိုတာ မရှိဘူးလေ။ ဟုတ်တယ်မလား။

"ရောက်လာပြီပဲ။"

စစ်ထူမင်ယဲ့က ရွှီအန်းဖျင်နားကို ချက်ချင်းရောက်ချလာပြီး ရွှီအန်းဖျင်လက်ကိုကိုင်ဆွဲလို့ သူ့မြင်းတွေဆီခေါ်သွားပါလေရော။ အတွေးထဲနစ်နေတဲ့ရွှီအန်းဖျင် ရုန်းဖို့တောင်မသတိမရလိုက်ဘူး။

"ကြည့်ပါဦး၊ သူတို့ ဘာဖြစ်နေလဲဆိုတာ။ နည်းနည်းမှိုင်နေကြသလိုပဲ။"

ရွှီအန်းဖျင် မျက်လုံးလှန်လိုက်မိတယ်။ စစ်ထူမင်ယဲ့နဲ့တွေ့မှ သူ့မှာ လူတင်မကဘဲ တိရစ္ဆာန်ပါကြည့်ပေးနေရတော့တာ။ ဒါပေမယ့် ဒီမြင်းတွေက ပုံမှန်ပါပဲ။

"ဘာမှမဖြစ်ပါဘူး သူတို့က။ ခင်ဗျား စိတ်ထင်နေလို့ပါ။"

သူ စစ်ထူမင်ယဲ့ကိုပြောနေတုန်းမှာပဲ နီညိုရောင်မြင်းက ရွှီအန်းဖျင်ကို တိုး‌ခွေ့လာတယ်။ အနက်ရောင်မြင်းကလည်း ရွှီအန်းဖျင်ကို သဘောကျပုံပေါ်တယ်။

I Just Want To Live Peacefully [Completed]Место, где живут истории. Откройте их для себя