"ဘာ....'ဖြောင်း' နင့်ကိုငါ့သားလို့ပြောရမှာ ငါရှက်တယ်သိလား နင်ဘာလို့အဲ့လောက်စောက်သုံးမကျ ဖြစ်နေရတာလဲ ဟင်... ငါ့ကိုပြောစမ်းပါအုန်း နင့်ကို ငါမှာထားတယ်လေ ကင်နမ်ဂျွန်း သူများထက်သာအောင်လုပ်ပါလို့ငါ အတန်တန်မှာထားတဲ့ကြားထဲက ဟိုဘက်အိမ်က အကောင်ထက် နင့် report card ထဲက အဆင့်ကို တဆင့်အမြဲ မြင့်ပ စေလို့ ငါပြောထားတာကို နင့်စောက်ဦးနှောက်က မေ့သွားပြီလား အခုတော့ တဆင့်မမြင့်တဲ့အပြင် ဟိုဘက်အိမ်က ကောင်က တစ်ကျောင်းလုံး အနေနဲ့အဆင့် ၁ ရတာတောင် နင်က အဆင့် ၃ တဲ့လား "
"အမေသိပ်အံ့ြသ ဖို့ကောင်းတာပဲ " ဟုဆိုကာ နမ်ဂျွန်း သူ့အခန်းရှိရာအပေါ်ထပ်သို့ဒေါသတကြီးပြေးတက်သွားလေသည်။
"ဟိုဘက်အိမ်က ကင်ဆော့ဂျင်ဆိုတဲ့အကောင်ကိုသိပ်မုန်းတာပဲ သူ့ကြောင့် ငယ်ငယ်လေးထဲက ပျော်ခဲ့ရတဲ့ရက်တစ်ရက်လေးတောင်မရှိခဲ့ဖူးဘူး အခုလည်း အသက် ၁၈ အထက်တန်းကျောင်းသားအရွယ်ရောက်နေပြီ အခုထိ ငါ့ကို အရိုက်ခံရအောင်လုပ်နေတုန်း ငါလည်းကြိုးစားတာပဲလေ အဲ့အကောင်ကို က ငါ့ကိုအတင်းလိုက်ပြိုင်ပြီး ငါ့ထပ် သာအောင်လုပ်နေတာကို " ဟုနမ်ဂျွန်း အခန်း ထဲမှာတယောက်ထဲ ပေါက်ကွဲသံများဖြင့်အော်ဟစ်ပြောဆို နေလေသည်။
တကယ်တမ်းသူတို့ ၂ယောက် သည်အဆင့်အတမ်းအလွန်ကွာခြားလှသည်။ တစ်လမ်းတည်း ခြံခြင်းကပ်လျက်သာဆိုသည် နမ်ဂျွန်းတို့အိမ်သည် အလွန်တရာမှ ခမ်းနားထည်ဝါပြီး သူ၏ ဖခင်သည်လည်း Seoul မြို့ရဲ့ Top3 ကုမ္ပဏီ ကြီးဖြစ်တဲ့ 'The One'ဟူသော ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်သည်။
သို့သော် ကင်ဆော့ဂျင် ကတော့ ငယ်ငယ်ထဲကမိဘ တွေဆုံးပါးသွားပြီး အဘွားနဲ့သာနေခဲ့ရသည်။ နမ်ဂျွန်းရဲ့ဘေး ကပ်လျက် အိမ်သာဆိုတယ် သူတို့အိမ်သည် နမ်ဂျွန်းတို့အိမ် ၏ ၁၀ပုံ ပုံလျှင်တစ်ပုံစာမျှသာရှိသည်။
တစ်နည်း ကင်ဆော့ဂျင် သည် ဆင်းရဲနွမ်းပါးပေမဲ့ ထက်မြက်သည့်လူငယ်တယောက်သာဖြစ်သည်။နံနက်ခင်းကျောင်းသို့ရောက်ချိန်-
နမ်ဂျွန်းတယောက် ဆော့ဂျင် ကိုအသည်းအသန်လိုက်ရှာနေလေသည်။
YOU ARE READING
Sometimes Love Is Bitter • [Namjin] •Complete ///
Fanfiction" အချစ်ကတခါတရံ ခါးလိုက်တာ " လူတွေက Coffee ခါးခါးတွေကိုနှစ်သက်ကြသလို ငါလည်း မင်း ရဲ့ အချစ်ခါးခါးတွေကိုနှစ်သက်မိနေပြီ ။ အပြည့် ဒီ Namjin fic လေးကို ပထမဆုံးစရေးမှာ မလို့ အမှားပါသွားရင်ခွင့်လွှတ်ပေးဖို့ကြိုတောင်းပန်ပါတယ်နော် 🙏🙏