Episode-9 🐨🐹(Uni+Zawgyi)

471 48 3
                                    

အရာအားလုံးအရင်အတိုင်းပြန် ဖြစ်သွားသည်ပဲဆိုရမလား ။ နမ်ဂျွန်း  Company ကိုပြန်သွားရပါတော့မယ် ။  ဒါတွေအကုန်  ကင်မ်ယူရီ နဲ့ သူ့အဖေ လူရုပ်မာကြောင့်ပါ ။ ဒါပေမဲ့ နမ်ဂျွန်း  မှာ  ရွေးချယ်ဖို့အချိန်  တစ်လပဲ ရှိပါတော့တယ် ။  ကင်မ်ယူရီကို မရွေးရင်  ဆော့ဂျင် ထောင်ကျမှာ  ဆိုတဲ့စိတ်ကြီးက နမ်ဂျွန်း အပေါ်  စိုးမိုးလွန်းနေသည် ။ ဒီကိစ္စကိုဖြေရှင်းဖို့်အတွက် နမ်ဂျွန်း တွေးမိသည်ကတော့
   * ဆော့ဂျင် ကိုယ် ကတိကိုဖြတ်ရတော့မယ် ထင်တယ်  * ဆိုတဲ့အတွေးကလွဲ၍ ဘာမျှမထူးခြားလာ။

     "တီ တီ တီ  တီ~~~~" ခြံရှေ့၌ မနက်စောစောစီးစီး ရမ်းကားစွာကားဟွန်းဆက်တိုက်တီးနေသော ကင်မ်ယူရီအား  ဆော့ဂျင်ထွက်တွေ့ခဲ့သည် ။
      "ကင်မ်ယူရီ  မင်း မနက်စောစောစီးစီး သူများ အိမ်ရှေ့မှာ ဘာလုပ်နေတာလဲ "

      "မမြင်ဘူးလား ကိုကို့ ကိုလာခေါ်တာလေ
နေပါအုန်း .....ရှင်ကရော အခုချိန်ထိ ကိုကို့ဘေးမှာ တွယ်ကပ်နေတုန်းပဲလား ။  အချိန်က တစ်လပဲ ရှိတာ နော်  တစ်လအတွင်းကိုယ့်အဆင့်ကိုသိပီး ကိုကို့နား​ကနေ အလိုအလျှောက်ထွက်သွားရင်ပီးနေပီကို ရှင်က ကိုကိုနာနာကျင်ကျင်ပြောမှ  ထွက်သွားမှာထင်တယ် ဘလိုတောင်  အရှက်မရှိတာပါလိ်မ့် "
       " ဘာမင်း စကားတွေတရားလွန်လာပြီနော်  "
ထိုအချိန်နမ်ဂျွန်း အိမ်ထဲမှ ထွက်လာခဲ့သည်။
     "ကိုကိုအဆင်သင့်ဖြစ်ပြီလား သွားကြမယ်လေ ဒီနေ့ ရုံးကိုခဏမေ့ပြီ  သဲလေးနဲ့လျှောက်သွားကြမယ်  နော်  နော်  "
     
      "အင်း သွားမယ်လေ လာ " ဟုဆိုကာကင်မ်ယူရီ့လက်အားဆွဲ၍ ကားပေါ်သို့ ဆော့ဂျင်အားကျောခိုင်းကာထွက်သွားခဲ့သည် ။ ဆော့ဂျင်  မျက်နှာ  အား  တစ်ချက်တောင် လှည့်မကြည့်သွားပေ။
ဆော့ဂျင်  တစ်ကယ်နားမလည်တော့​ေသာမျက်နှာဖြင့်သာ ကျန်ရစ်ခဲ့သည်။
   ဂျွန်း ဘာတွေများ  တွေးနေတာပါလိမ့် ဟုခြံရှေ့၌ မှုိင်ထွေထွေတွေး နေကာ 

    " မဟုတ်မှ လွဲရော ဂျွန်းငါ့ကို ကယ်တင်ဖို့အတွက် ငါ့ကို စွန့်ပစ်ဖို့များ  ..... အာ   ငါဘာတွေတွေးနေတာလဲ အခုချိန်မှာ  ငါဘသူ့ကိုမှ မယုံရင်တောင်  ဂျွန်းကိုတော့ယုံသင့်တယ်မလား  ငါဘာလို့များ  ဂျွန်းကို မယုံသက်္ာ နဲ့တွေးလိုက်မိပါလိမ့် ဂျွန်းရယ် ငါတောင်းပန်ပါတယ်  " ဟု  တစ်ယောက်ထဲ ပြောရင်းခြံတံခါးပိတ်ကာ အထဲသို့ဝင်သွားချိန် ဆော့ဂျင်အား စောင့်ကြည့်နေသော  မျက်လုံးတစ်စုံရှိနေမှန်းဆော့ဂျင်မသိခဲ့ ။

Sometimes Love Is Bitter • [Namjin] •Complete ///Where stories live. Discover now