Episode 10🐨🐹(Uni+Zawgyi)

483 57 17
                                    

                   🚨🚨Warning 🚨🚨

နမ်ဂျွန်းအမေနှင့်အတူ ဆော့ဂျင်ပါအိမ်ထဲသို့ဝင်လိုက်သည်။
အိမ်ထဲရောက်ပီးခဏအကြာ
    "ကင်ဆော့ဂျင်ရယ် ငါတောင်းပန်ပါတယ်ငါ့သားလေးအနားကနေထွက်သွားပေးပါတော့ဟယ်...ငါ့သားလေးမှာအနာဂတ်တွေအများကြီးရှိသေးတယ်...သူ့မိသားစုဘဝလေးကိုလည်းသူထူထောင်ရအုန်းမယ်...နင်ကငါ့သားကိုချစ်တယ်ဆိုပြီးငါ့သားဘဝကိုနင်ကိုယ်တိုင်ဖျက်စီးနေတာနင်မတွေးမိဘူးလား...ဟမ်...ပြောပါအုန်း"
ဆော့ဂျင်ခဏတာငြိမ်သက်သွားခဲ့သည်။
ထိုအချိန်-
   "နမ်ဂျွန်းပြန်ရောက်ပြီထင်တယ်အန်တီ... ကားသံကြားတယ်"
   "ဟုတ်တယ်ငါဖုန်းဆက်ပြီးခေါ်လိုက်တာ...ယူရီနဲ့အတူတူ" ဆော့ဂျင်ရင်ထဲဆူးခနဲ
   နှစ်ယောက်သားအိမ်ထဲဝင်လာသည့်ပုံကတကယ်လိုက်ဖက်လွန်းသည့်အတွဲပုံသဏ္ဌာန်
*ဒါမဲ့ဂျွန်းရယ် ကင်မ်ယူရီသာ လူကောင်းတစ်ယောက်ဆိုမင်းကိုငါအစကတည်းကလွှတ်ချပေးလိုက်ပါတယ်ကွာ ဒါမဲ့ခုတော့လူကောင်းမဟုတ်တဲ့သူလက်ထဲကိုငါဘလိုလုပ်မင်းကိုစိတ်ချရမလဲကွာ*
  
   "ဟဲ့ဆော့ဂျင် ငါပြင်ဆင်ခိုင်းထားတဲ့ဟင်းတွေချဖို့လုပ်လေ ဘာကြောင်ကြည့်နေတာလဲ"
   "အော်ဟုတ်ကဲ့ပါအန်တီ"
   "အလုပ်လုပ်တာမြန်မြန်ဆန်ဆန်ကိုမလုပ်ဖူးစောက်သုံးမကျတဲ့ကောင်"
ဆော့ဂျင်ကိုကျွန်တယောက်လိုဆက်ဆံနေကြသည့်ပုံရိပ်များ...ဒါတွေအားလုံးနမ်ဂျွန်းမြင်သည်။ ဒါပေမဲ့လည်း သူဘာမှဝင်မပြောနိုင် ဝင်ပြောရင် သူချစ်တဲ့ ကင်ဆော့ဂျင်ဒီ့ထပ်ပိုပီး စိတ်ဆင်းရဲရမှာသူကောင်းကောင်းသိသည်။
     *ဂျင်လေးရယ်ကို့ကိုမေ့လိုက်ပါတော့ ကို့ကိုကလေးဆက်ချစ်နေသ၍မင်းဒီမကောင်းဆိုးဝါးအသိုင်းအဝိုင်းကြီးမှာအမြဲအနှိမ့်ချခံပဲဖြစ်နေရမှာ မင်းကို ကို့ရဲ့ လှောင်အိမ်ကျဥ်းလေးထဲကနေလွှတ်ပေးပါတော့မယ်...ဟိုးအဝေးဆုံးကိုသွားပြီးအမြင့်ဆုံးပျံသန်းလိုက်ပါကလေးငယ်...ဒီလိုတွေဖစ်ဖို့ဆိုမင်းနည်းနည်းတော့နာကျင်ရမှာပေါ့...ခဏပဲ ကလေးငယ် ခဏပဲ
'လှောင်အိမ်ထဲအထည့်ခံထားရတဲ့ငှက်လေးဟာ အတော်ကြာမှပြန်ထွက်တဲ့အခါ အတောင်ပံလေးတွေခတ်ဖို့အချိန်နည်းနည်းပဲယူရမှာပါ... အတောင်ပံလေးတွေပြန်ခတ်နိုင်တဲ့အခါမှာတော့ ဟိုးအမြင့်ဆုံးကိုမင်းပျံသန်းနိုင်ပီးပျော်ရွှင်ရပါလိမ့်မယ်ကလေးငယ် အဲ့လိုအချိန်လေးတွေမင်းပိုင်ဆိုင်နိုင်ဖို့ကိုယ်မင်းအပေါ်ရက်စက်ရလိမ့်မယ်'*

Sometimes Love Is Bitter • [Namjin] •Complete ///Where stories live. Discover now