Episode 2 🐨🐹(Uni +Zawgyi)

931 115 10
                                    

"တကယ့် ကင်ဆော့ဂျင်ပဲ မတွေ့ရတော့ဘူးထင်ထားတာ "

"ဟုတ်ကဲ့ ကျွန်တော်လည်း ကျွန်တော့်ကို Boss မမှတ်မိတော့ဘူး ထင်ခဲ့တာ အခုလိုမှတ်မိနေတဲ့အတွက်ကျေးဇူး "

အရင်က ငါ့ကို လိုက်ပြိုင်ခဲ့တဲ့ကောင်အခုလို ငါ့ လက်အောက် ရောက်လာလိမ့် မယ်လို့ မထင်ထားခဲ့ဘူးကွာ... ဟုနမ်ဂျွန်း စိတ်ထဲတွင်ပြောနေလေသည်။

"Boss ကခုမှ ပြောင်းလာတာဆိုတော့ လုပ်ရမဲ့တာဝန်တွေကိုအကုန်လုံး ကျွန်တော်ပြောပြပါ့မယ် "
"နံပါတ် ၁ အနေနဲ့ ဒီနေ့........."

"ခဏ ဆော့ဂျင် "
"ငါ့ကို Boss လို့မခေါ်ပါနဲ့လား "

"ဗျာ...Boss မလို့ Boss လို့ခေါ်တာ လေ Boss ကို Boss လို့မခေါ်လို့ ဘယ်လိုခေါ်ရမှာတုန်း "

"ဂျွန်း..."

"ဘာ..."

"ဂျွန်းလို့ခေါ်လို့ပြောတာလေ "

"ကင်နမ်ဂျွန်း မင်းငါ့ကိုအရင် လို ပဲ နှိပ်စက်ချင်နေသေးတာလား "

"ဟဟ...မဟုတ်ပါဘူးကွာ သူငယ်ချင်းအချင်းချင်းကို Boss တွေကျွန်တော်တွေပြောနေတော့နားထဲ ကြားရတာတမျိုးကြီး ဖစ်နေလို့ "

"သူငယ်ချင်း...?? "
အော်..မင်းငါ့ကိုသူငယ်ချင်းလို့သတ်မှတ်ခဲ့တာလား ဆိုပီး ​ေဆာ့ဂျင်တွေးလိုက်မိသည်။

"အလုပ်ကြီးမှာ မင်းနဲ့ငါဆိုပြီး ပြောနေတော့ကောင်းမလား ကွ စဥ်းစားလေ "

"အဲ့တာဆို ဝန်ထမ်းတွေရှေ့မှာ Boss လို့ခေါ် ဝန်ထမ်းတွေ မရှိရင် ဂျွန်း လို့ခေါ် "

"အင်းဘာ... "
ကင်ဆော့ဂျင်တယောက် ၇နှစ်လောက်ကြာတာတောင် ခုထိ နမ်ဂျွန်းစကားဆို မငြင်းပယ်နိုင်သေးဘူး..

"အဲ့တာဆိုဆက်ပြော ဒီနေ့ schedule တွေ "

"No. 1 နေ့လည် 12:00 မှာ JW Marriott Hotel မှာ စတော့ ရှယ်ယာ ရှင်တွေနဲ့ uncle သားဖစ်တဲ့ Boss ကို အဲ..မဟုတ်ပါဘူး မင်းကို မိတ်ဆက်ဖို့အတွက်နေ့လည်စာစား ဖို့ ချိန်းထားတယ် ။ "
"No. 2 ရှယ်ယာရှင်အစည်းအဝေး "
"No. 3 ရုံးပြန်လာပြီး ဝန်ထမ်းတွေ တင်တဲ့စာရင်းတွေ လက်မှတ်ထိုး ပေးရန် "
"No. 4 ညကျရင် Grand HYATT hotel မှာ မိတ်ဆက်ပွဲ အတွက် Dinner စား ရန် "

Sometimes Love Is Bitter • [Namjin] •Complete ///Where stories live. Discover now