"ကို့မှာ ခုလို အချက်အပြုတ်တော်တဲ့ ကောင်လေးရှိထားရတာကံကောင်းလိုက်တာ ညကြီးအချိန်မတော် အလုပ်ကပြန်လာလို့ ဗိုက်ဆာရင်လည်း အဆင်သင့်ပဲ " လို့ပြောနေချိန်ဆော့ဂျင်စကားဖြတ်၍
" ဂျွန်း ေရ မင်းငါ့ကို တခုခု များပြောစရာမရှိဘူးလားဟင် "
"ဟင် ဂျင် လေးက ဘာကို ဆိုလိုချင်တာလဲ ဟင် ကိုက ဘာကိုပြောရမှာလဲ "
"အာမဟုတ်တော့ပါဘူး ငါအတွေးလွန်သွားလို့ "
"ဂျင်လေး ကိုပြောပြမယ်...ကို့ဘဝမှာ အချစ်ဆုံးသူက ဂျင်လေးတယောက်ပဲ ရှိတယ် ဆိုတာကို တော့ အမြဲ ယုံကြည်ပေးပါနော် ကို့ကိုယုံတယ်မလား " လို့နမ်ဂျွန်းပြောတဲ့အချိန် ဆော့ဂျင်သည် ပြုံးပြ၍ ခေါင်းတချက်ညိမ့်ပြလိုက်သောအခါ နမ်ဂျွန်းသည် ေဆာ့ဂျင်၏ နူးညံ့သောနှုတ်ခမ်းပေါ်ထက် သူ၏ နှုတ်လမ်း များကို ထိကပ် လိုက်ပါတော့သည် ။
မနက်ရောက်၍မိုးလင်းအိပ်ယာနိုးချိန် နမ်ဂျွန်း ဘေး၌ ဆော့ဂျင် ရှိမနေချေ ။
နမ်ဂျွန်းတကယ် လန့်သွားပီး ပြာပြာသလဲ ထ ကာ အိမ် အနှံ့လိုက်ရှာပါတော့သည် ။နောက်ဆုံးမှာ တော့သူရဲ့အကောင်ပေါက်လေးက မီးဖိုချောင်ရောက်နေတာကိုး ။"ဂျင်လေး .....ကို့မှာတော့လန့်ပီးရှာလိုက်ရတာ ကွာ မင်းကဒီရောက်နေတာကိုး " ဆိုပြီး ဆော့ဂျင်အနောက်က သိုင်းဖက် ကာ လည်ပင်အားနမ်းလိုက် နား လေးကို နှုတ်ခမ်းနဲ့တို့လိုက်လုပ်နေတော့ ဆော့ဂျင်မှာ မနေတတ် ။
"ဂျွန်းရေ ဒီမှာ မနက်စာစားဖို့လုပ်နေတာကို ယားတယ် ကွ "
"ဖစ်နိုင်ရင် ဒီကအကောင် ပေါက်လေးကို ပါးစပ်ထဲတောင်ထည့်ပြီးငုံထားချင်တာသိလား... ကို့မှာလေ ဒီကောင်လေးကိုပဲ ချစ်မဝဖစ်နေရတာ "
"ဟာ...ဂျွန်းရယ် စကားတွေ တတ်လိုက်တာ.. စကားတတ်တာနောက်ထား ခုမျက်နှာရောသစ်ပီးပီလား company သွားရအုန်းမှာကို မြန်မြန် လုပ်တော့သွား " ဆိုပီးဆော့ဂျင် ခန္ဓာကိုယ်ရှိ နမ်ဂျွန်းလက်များကို ဖြုတ်လိုက်တော့ နမ်ဂျွန်းမှာ လိုချင်သော အရုပ် မရသကဲ့သို့ ဆူဆောင့်ကာ အပေါ် သို့တက်သွားလေပီး မျက်နှာသွားသစ်တော့သည်။
YOU ARE READING
Sometimes Love Is Bitter • [Namjin] •Complete ///
Fiksi Penggemar" အချစ်ကတခါတရံ ခါးလိုက်တာ " လူတွေက Coffee ခါးခါးတွေကိုနှစ်သက်ကြသလို ငါလည်း မင်း ရဲ့ အချစ်ခါးခါးတွေကိုနှစ်သက်မိနေပြီ ။ အပြည့် ဒီ Namjin fic လေးကို ပထမဆုံးစရေးမှာ မလို့ အမှားပါသွားရင်ခွင့်လွှတ်ပေးဖို့ကြိုတောင်းပန်ပါတယ်နော် 🙏🙏