Part 1

894 41 0
                                    

ခြံ ထဲတွင် ပန်းပင်​လေးတွေပျိုး နေတုန်းဘေးက
လူမနေတဲ့ ခြံကြီးရှေ့မှာ ကားရပ်သံတွေ စကားပြောသံတွေ အထုပ်အပိုးတွေ သယ်နေတဲ့အသံတွေ ကြားနေရတယ်
စပ်စုတာတော့မဟုတ်  အမှတ်တမဲ့ တစ်ချက်လှမ်းကြည့်မိတော့ အိမ်ထဲကိုအထုပ်အပိုးတွေ သယ်နေကြတာပဲ
လူတွေပြောင်းလာကြတယ်ထင်တယ်.........

ခြံကဘေးချင်းကပ်မို့ လူဘယ်နှယောက်ပြောင်းလာလဲကို  မမေးလဲသိတယ်   အိမ်စောင့် မောင်ပြုံးက ပြန်ဖောက်သည်ချထားတာကို
စုစုပေါင်း 4 ယောက် ခြံစောင့်ဦးလေးကြီးရယ်၊သားမိသားဖ3ယောက်ရယ်  
အန်ကယ်နဲ့ အန်တီပုံကြည့်ရတာတော့  လူရေသန့်ပဲ
အထက်တန်းကျကျထဲကဖြစ်ရမယ်  သူတို့ရဲ့သားကတော့
ကို့ထက်ငယ်မယ်ထင်တယ်  သန့်သန့်လေးနဲ့ ခပ်ချောချောလေးပါ
အားနည်းနေတဲ့ပုံလေးတစ်ခုပဲ  နေမကောင်းဖြစ်လို့  အနားလာယူတာလို့တော့ ပြောတယ် 
ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းအသစ် ရတာပေါ့

အ့ကောင်လေးက တစ်ခါတစ်ခါ သူတို့အိမ်ဘေးက ဒန်းလေးပေါ်ထိုင်နေတာတွေ့ရတတ်တယ်
တစ်ခါတစ်ခါကျ   သူတို့ခြံထဲက ပန်းပင်လေးတွေကိုကြည့်ပြီး တွေတွေလေးငေးနေတတ်တယ်
သူက အမြဲတမ်း  အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီအရှည်လေးတွေပဲဝတ်လေ့ရှိတယ်
ကို့မျက်လုံးထဲတွင်တော့ အလုံထုပ်ထားတဲ့ ကလေးလေးလိုပဲ မြင်နေမိတယ်

တစ်နေ့  ခြံထဲမှာ ပန်းပင်လေးတွေပျိုးနေရင်း ထိုကောင်လေး က ကို့ဆီလျှောက်လာတယ်
( ခြံဆိုတာက  မြို့တွေထဲကလို တံတိုင်းခတ်ထားတဲ့ခြံတွေပါပဲ
ဒါပေမယ့် နယ်စပ်ခြား​နေရာမှာ ပန်းပင်​လေးတွေစိုက်တော့ ဟိုဘက်ဒီဘက်လှမ်းမြင် ရတဲ့ပုံစံပာ ) ပြီးတော့  စောင့်ကြောင့်လေးထိုင်ပြီး ကြည့်နေတယ် အပင်စိုက်တာကို 

သူက ဘားမှမပြောပဲ  ဒီတိုင်းကြီးထိုင်ကြည့်နေတော့ အပင်စိုက်နေရင်း ကို့ဘက်ကပဲ  စပြောလိုက်သည်

" ပန်းပင်လေးတွေ စိုက် တာ ဝါသနာပါလို့လား "
ထို အခါမှ  ပန်းပင်လေးဆီမှအကြည့်က ကိုထံရောက်လာပြီး  ခေါင်းငြိမ့်လျှက်

" အင်း "
ထိုတစ်လုံးထဲပြောပြီး  ကို့ထံမှ အကြည့်က ပန်းပင်လေးဆီပြန်ရောက်သွားသည်

Good Bye Where stories live. Discover now