Part 8 ( final)

464 29 0
                                    

သေမိန့်ကျပြီးသား သူကို မသေပါနဲ့လို့ ပြောလို့မှမရတာ
သူ အေးအေးချမ်းချမ်းသွားဖို့သာ လုပ်ရတာပေါ့

သူ့ရဲ့နံဘေးတွင် ဖုန်းလေးဖြင့်
တရားခွေ ဖွင့်ပေးထားသည်

အခန်းထဲတွင် တရားသံသာ လွှမ်းခြုံနေသည်
အရာရာဟာ တိတ်ဆိတ်လျှက်

သိပ်မကြာခင်ပဲ
အိပ်ရာပေါ်က လူလေးရဲ့ မျက်ခွံလေးတွေ လှုပ်လာသည်

ဘေးနားတွင်ထိုင်နေသည့် ဆရာဝန်က
မျက်နှာရိပ်မျက်နှာကဲဖြင့် သူ၏ မိဘနှစ်ပါးကို လှမ်းခေါ်သည်

နောက်ဆုံးပြောချင်တာတွေပြောဖို့

ကျွန်တော် သူ့ရဲ့ အိပ်ရာဘေးအား မသွားဖြစ်
ထိုင်နေတဲ့နေတဲ့နေရာမှာတင် အိပ်ရာပေါ်က သူ့မျက်နှာလေးအား
အသေးစိတ်ကြည့်နေမိသည်

သူစကားမပြောနိုင်ဘဲ ခေါင်းညိမ့်ခေါင်းခါသာ လုပ်နိုင်တော့တာ တွေ့ရတယ်

သူမိဘတွေကတော့ မှာတန်တာမှာ ပြောတန်တာပြောစိတ်ချလက်ချ ထွက်သွားနိုင်ရန် ​ပြောပြီးထင်သည်

အန်တီက မျက်ရည် လည်ရွဲဖြင့် ကျွန်တော့ဘက် လှည့်ကာ ခေါင်းငြိမ့်ပြီး အနားခေါ်သည် .

အိပ်ရာပေါ်မှာ ဖြစ်တည်မှုလေးက ဖျော့တော့စွာသူ့ကို ဘေးကြည့်နေတာကို တွေ့ရသည်

အန်ကယ်နဲ့ အန်တီက သူကို့ လွက်လပ်စွာပြောဖို့အတွက် အနောက်ဆုတ်၍ နေရာပေးသည်
အန်တီမှာတော့ အန်တကြိတ်ကြိတ်ဖြင့် မျက်နှာအုပ်ကာ အသံတိတ်ငိုကြွေးနေသည်

ကျွန်တော့ သူ့ဘေးရောက် တော့
သူ့လက်ကလေးကို ကျွန်တော့အသာကိုင်လိုက်သည်
ပျောက်ကွယ်သွားတော့မတက်

ကျွန်တော် သူ့မျက်လုံးကို ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်
ပြီးနောက် ကျွန်တော်ပြောလိုက်သည်

" ကလေးပြောတဲ့
ကလေး ချစ်ခဲ့တဲ့ တစ်စုံတစ်ယောက်ကလဲ
ကလေးကို ချစ်တယ်
ကလေးကိုအရမ်းချစ်ခဲ့တယ်တဲ့
ပြီးတော့ အရမ်းချစ် တယ် တဲ့........ "

ရပြီ
ကျွန်တော်ပြောချင်တဲ့စကားပြောလိုက်ရပြီ
ကလေးလဲ ကြားချင်တဲ့စကား ကြားလိုက်ရပြီထင်သည်

Good Bye Where stories live. Discover now