ထိုနေ့မှစ၍ ရှိသမျှ အခ်ျိန်လေးတွေကို တန်ဖိုးရှိစွာနဲ့ အသုံးချသည်
နှစ်ယောက်သားရှိတဲ့အချိန်တွေကို ပိုလို့ပင် တန်ဖိုးထားရသည်အန်ကယ်တို့ရဲ့ ခွင့်ပြုချက်နဲ့ အိမ်မှာ လာအိပ်ခွင့်ရသည်
သူနဲ့ တစ်စက္ကန့်တောင်မဝေးချင်တော့သူ့ကိုချစ်တဲ့အကြောင်းကိုတစ်နေ့တွင်တော့ပြောဖြစ်မှာပါ
တစ်နေ့. .......ဝေဒနာက ပိုနှိပ်စက်လာသည်ထင်တယ်
သူ့ရဲ့ ခန္ဓာကိုယ်လေး တစ်ဖြည်းဖြည်းနဲ့ ပိုအားနည်းလာသည်
TV ကြည့်ရင်း သူ့နဲ့ခေါင်းလေး ကျွန်တော့ပုခုံးပေါ်မှီလာသည်
" ကျွန်တော့ကို သချင်းဆိုသိပ်ပါလား "ကျွန်တော်လဲ ကြည့်လက်စTV ကို ပိတ်ကာ
သူ့စိတ်တိုင်းကျ အိပ်ပျော်စေဖို့ သူ့ရဲ့ဆံပင် ကျိုးကြဲလေးတွေပဲရှိတော့တဲ့ ခေါင်းကို ပွတ်သတ်ပေးရင်းစဆိုလိုက်သည်" ကြယ်ရောင်စုံတောက်ပ
လမင်းကြီးကသာ ငှက်ကလေးများလဲ အိပ်ပျော်နေပါပြီ
ကံရေပြင်ကြီးလဲ ငြိမ်သက်တိတ်ဆိတ်စွာ မျက်လုံးမှိတ်ပြီး အိပ်ပါ ကလေးရာ. .........."
သူ့ရဲ့ခေါင်းလေးကို ပွတ်သတ်ပေးနေရာမှ
လက်ခေါင်းများကြားထဲတွင် တစ်ခုခုကပ်ပါလာတာကို သတိထားမိပြီး ကြည့်လိုက်တော့ဆံပင်တွေ
ရင်ထဲတွင် အောင့်တတ်သွားသည်
သူမမြင်ခင် လက်ကို ခါလိုက်ကာ ဆံပင်တွေကို သူမမြင် အောင် မသိအောင်ထားလိုက်သည်
ကလေးလေး ပင်ပန်းနေလောက်ပြီပေါ
ကံတရားကြီးက မတရားလိုက္တာ
ကျလာတဲ့မျက်ရည်တစ်စက်ကို သူမမြင်အောင် တစ်ဖက်ကိုလှည့်ပြီး ခိုးသုတ်လိုက်သည်
ငိုသံစွက်သောအသံဖြင့် သချင်းကို အဆုံးသတ်လိုက်သည်
" အိုအေး အိုအေးအေးအေးအိုအေး
အိုအေး အိုအေးအေးအေးအို. ........."ပုခုံးပေါ်မှ ကလေးလေးကတော့ နှသ်ခြိုက်စွာ အိပ်ပျော် သွားလေပြီ
သူ မျက်ရည်လက်ကျန်ကို သုတ်လိုက်ပြီး
သူ့ရဲ့နှဖူးလေးထံသို့ အနမ်းတစ်ချက် သက်ဆင်းလိုက်သည်
YOU ARE READING
Good Bye
Non-Fictionလောကကြီးကို နှုတ်ဆက်တော့မယ် လူသားလေးကို ချစ်မိခဲ့တဲ့ လူသားတစ်ဦး 🍁 သင့် စိတ်တွေ ပေါက်ကွဲဖို့ ထွက်ပေါက်ရှာနေပါသလား 🤡 ဒီ fic လေးကို ဖတ်ကြည့်လိုက်ပြီး သင့်စိတ်ထဲက အဆိုးဆုံးခံစားချက်တွေကို တွေကို မျက်ရည်တွေနဲ့အတူ မျှောချ ပစ်လိုက်ပါ 🍂🍁