အခြေအနေက တစ်ဖြည်းဖြည်းဆိုးလာတယ်လို့ပဲ ပြောရမလား
ဝေဒနာတွေကပိုတိုးပြိး နှိပ်စက်နေတယ်ပဲ ပြောရမလား
ကျွန်တော့ရဲ့ ကလေးလေးရဲ့ ဖြစ်တည်မှုဟာ တစ်စတစ်စ ဖျော့တော့လို့ လာခဲ့လေသည်
ခေါင်းဆိုးရင်လဲ သွေးပါတတ်သလို
နှာခေါင်းသွေးတွေဟာ ခဏခဏ ကျလာတယ်.သူလမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရရှာပြီ .
အရင်လို ကျွန်တော်နဲ့ စကားဖောင်ဖွဲ့ဖို့တောင် မတက်သာတော့
အိပ်ရာပေါ်မှာပဲ လဲလျောင်းနေတတ်တယ်.ဒါပေမယ့် တစ်ဖက်ကကောင်လေးကလဲ သူ့ရဲ့ ဖြစ်တည်မှုလေး ပျောက်ကွယ်သွားမှာ စိုးမတက်အချိန်တိုင်း ဘေးနားလေးမှာ ကုပ်တွယ်နေလေတယ်
သူဝေဒနာတွေ ခံစားရလို့ အိပ်ရာထဲ လဲနေတဲ့အချိန် ဘေးမှာတစ်ချိန်လုံး စာအုပ်ဖတ်ပြတယ် တစ်ခါတစ်ရံ လက်ကလေးကို ဖွဖွလေးကိုင်လို့. မျက်လုံးချင်းဆုံစေပြီး သီချင်းတွေ ဆိုပြတတ်တယ်
ညဘက်အိပ်ချိန်တိုင်း ပျောက်ကွယ်သွားမှာ ဆိုးမတက် ဖွဖွလေးဖက်ရင်း မျက်ရည်တွေကို တိတ်တဆိတ်ကျစေကာ ချော့သိပ်တတ်တယ်
ဝေဒနာတွေခံစားနေရတဲ့ကောင်လေးဟာ သူ့ရင်ခွင်ထဲ ဝင်လိုက်ရုံဖြင့် ဝေဒနာတွေကို အံတုနိုင်တယ်
ဘယ်အချိန်ရောက်လာမယ်မှန်းမသိတဲ့ နှုတ်ဆက်ချိန်လေးကို စောင့်နေရင်းပေါ့
တစ်နေ့
သူ့ရဲ့ ဖြစ်တည်မှုလေးက ခြံထဲတွင် ထိုင်ချင်ကြောင်း ပြောလာတော့
နှစ်ယောက်သား ဒန်းပေါ်မှာ တိတ်တဆိတ်ထိုင်နေမိတယ်သူ့ရဲ့ဖြစ်တည်မှုလေးက လက်မှာ လက်ကိုင်ပဝါတစ်ခုကို ကိုင်ထားကာ
ခေါင်းဆိုးတိုင်းအကာအကွယ်ယူရလေသည်တစ်ခါချောင်းဆိုးပြီးတိုင်း လက်ကိုင်ပဝါလေးတွင် အနီရောင်သွေး စမ်ားက ပြန့်ကျဲလာလေသည်
သူစကားသိပ်မပြောနိုင်တော့ စကားပြောရန် အသံထွက်လိုက်တိုင်း လည်ချောင်းထဲက သွေးပူများက ဆက်တိုက်ကျလာကာ စကားပြောမည်ကို အဟန့်အတားအနေဖြင့် ချောင်းဆိုးစေလေသည်
YOU ARE READING
Good Bye
Non-Fictionလောကကြီးကို နှုတ်ဆက်တော့မယ် လူသားလေးကို ချစ်မိခဲ့တဲ့ လူသားတစ်ဦး 🍁 သင့် စိတ်တွေ ပေါက်ကွဲဖို့ ထွက်ပေါက်ရှာနေပါသလား 🤡 ဒီ fic လေးကို ဖတ်ကြည့်လိုက်ပြီး သင့်စိတ်ထဲက အဆိုးဆုံးခံစားချက်တွေကို တွေကို မျက်ရည်တွေနဲ့အတူ မျှောချ ပစ်လိုက်ပါ 🍂🍁