Ep 9 🍃

10.3K 857 34
                                    

Zawgyi...

မနက်နိုးလာတော့ ထူးထူးဆန်းဆန်းပင်
ညက ဘာအိမ်မက်မှ မမက်တာကို စေရာ
သတိရသွားသည်။ မျက်လုံးဖွင့်ကြည့်တော့
ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့နဲ့ အခန်းအပြင်အဆင်။
ခေါင်းထောင်ပြီးကြည့်လိုက်တော့မှ Saeva
အခန်းထဲရောက်နေတာပင်။

စေရာ အခုမှမှတ်ဥာဏ်တွေကို
ပြန်ခေါ်ရတော့သည်။
မနေ့က ဘွားခန်းထဲမှာ အိပ်တာသေချာပါတယ်။
ခုဘယ်လိုပြန်ရောက်လာတာလဲ။

*အဲဒါထက်..ငါ..ငါက Saeva ရင်ခွင်ထဲ
ဘယ်လိုပြန်ရောက်နေတာလဲ...
သူခေါ်လာတာလား..ငါများအိပ်ရင်းနဲ့ယောင်ပြီး
တက်လာမိတာလား..*

စေရာလည်း အပြေးလေ့ကျင့်မလို့ ထဖို့
လုပ်တော့ ထမရ။ တင်းတင်းဖက်ထားတာကြောင့် လက်တွေဖယ်ရင်း လှုပ်ယွနေသည်။

"ငြိမ်ငြိမ်နေကွာ.မနေ့ညက မင်းကိုသယ်လာရတာ
ပင်ပန်းတယ်..တညလုံးလည်း ကိုယ်သိပ်ပြီး
အိပ်မပျော်ဘူး.."

"ဘယ်သူက သယ်ခိုင်းလို့လဲဗျ..
မသယ်နဲ့ပေါ့.."

"ရန်မဖြစ်ပဲနေရအောင်ကွာ..
တကယ်ပင်ပန်းတယ်...ကိုယ်ရန်ဖြစ်ချင်စိတ်
မရှိဘူး.."

"ကျွန်တော်လည်း ရန်မဖြစ်ချင်တာမို့ လွှတ်ပေး.."

Saeva က စေရာပြောနေတာတွေကို နားရော
ထောင်ရဲ့လားလည်းမသိဘူး။ မလွှတ်ပဲ ဖက်မြဲတိုင်း
ဖက်ထားတယ်။

"လမ်းတောင်ခင်းပေးနေပြီကို ထွက်သွားတော့
မလို့လား..(ကိုယ်ချော့နေပြီပဲ စိတ်ဆိုးပြေပါတော့လို့ပြောချင်တာ)
ကိုယ်တောင်းပန်ပါတယ်...
မနေ့ကအဲဒီလိုတွေ မပြောလိုက်သင့်ဘူး...
စိတ်မဆိုးနဲ့တော့နော်..."

စေရာ လည်း ပြန်ငြိမ်ကျသွားရင်းကနေ Saeva
ရင်ခွင်ထဲ အသာငြိမ်နေရင်း

"စိတ်မဆိုးပါဘူး..
စိတ်မကောင်းဖြစ်သွားတာ..
ဒါကျွန်တော်ပိုင်တဲ့ ခန္ဓာကိုယ်မဟုတ်မှန်း
မေ့နေခဲ့တာ..
ဒါနဲ့ ခင်များက ဘယ်လိုသိတာလဲ
ကျွန်တော်ကမင်းစေရာ မဟုတ်ဘူးဆိုတာ..."

"ကိုယ်တို့က ငယ်ငယ်ကတည်းက တူတူကြီးလာတာ..
ပြောင်းလဲသွားတာတွေကို မသိပဲနေမလား..."

My husband has changed 🍃🍃(completed)Where stories live. Discover now