Ep 25 🍃

8.1K 672 11
                                    

Zawgyi...

Saeva က ကြမ်းတမ်းပါတယ် တခြားသူတွေအပေါ်မှာပေါ့။ ဒါပေမယ့် ရာရာနဲ့ပတ်သတ်ရင် မထိရက်
မကိုင်ရက်လို ကိုတန်ဖိုးထားသည်။ သူ့အပေါ်
ကြမ်းတမ်းမိရင်ကြောက်သွားလေမလားဆိုပြီး
တကယ်တမ်း ရာရာ့မျက်နှာမြင်လိုက်ရရင်ကို
အလိုလို နူးညံ့သွားရသည်။

ကိုယ်လဲယောက်ျားပဲ စိတ်ဆန္ဒတွေရှိလားမေးရင်
ရှိတာပေါ့။ ဒါပေမယ့် ရာရာ့ကိုတော့ ဘယ်တော့မှ အလိုမတူပဲ တူတူနေမှာမဟုတ်ဘူး။
စကားရှိတယ်မလား ထိုလူဘာလုပ်နေနေ
ဘာဖြစ်နေနေ ချစ်လို့ကိုမဝဘူးဆိုတာလေ။

မုန်းရင် အရိပ်မြင်တာနဲ့ တောင်မုန်းသလို
ချစ်ရင်လည်း သူအသက်ရှုနေတာလေး
ကိုကချစ်တယ်ဆိုတာမျိုး။
ခုလည်း သူ့ရာရာကိုမမုန်းပါ။
ချစ်နေရတာတောင် မဝတာကို မုန်းနိုင်ပါ့မလား။
အရမ်းတတမ်းခဲ့ရတာကို ဘယ်မုန်းပါ့မလဲ.။
စိတ်ဆိုးတာပါ..တကယ်စိတ်ဆိုးပါတယ်။
ကိုယ့်ကို တချက်တောင်လှည့်ကြည့်မပေးခဲ့လို့ပင်။

ခန့်ဦးလည်းအိမ်ထဲခေါ်လာရင်း Saeva နေရမယ့်အခန်းကို ပြပေးလိုက်တယ်။ ဧည့်သည်အခန်းမို့
အရမ်းတော့မကျယ်ပါဘူး။
ဖက်ဖူးစိမ်းရောင်အိပ်ခန်းလေးနဲ့ ကုတင်လေးဟာ
အိပ်ချင်စရာကောင်းအောင်
ဆွဲဆောင်နေတယ်။

"မင်းအခန်းကရော.."

"ဗျာ!!ကြည့်မလို့လား..မကြည့်ပါနဲ့ ဘာမှမရှိပါဘူး.."

Saeva လည်း နောက်ကျန်တဲ့အခန်းကို
စိတ်မြန်လက်မြန်ပဲ သွားဖွင့်ကြည့်လိုက်တယ်။

"ခင်များ ဒီလောက်ထိတော့ မကြည့်နဲ့လေ..
သူများအိမ်နော်..."
ဆိုပြီး နောက်ကနေ အပြေးလိုက်တားမိသည်။

ရာရာ့အခန်းကတော့ ယောက်ျားလေးဆန်မှုတွေနဲ့ပါပဲ။ အပြာဖျော့ရောင်
အိပ်ခန်းလေးက ရိုးရိုးရှင်းရှင်းပင်။ သူက
king size ကုတင်ကြီးနဲ့ဆိုတော့ နည်းနည်းအံ့ဩမိတယ်။အရင်က Saevaကုတင်ပေါ်မှာ တူတူ
အိပ်ခဲ့ကြတဲ့ရက်တွေကို သတိရမိသည်။

"မင်းတစ်ယောက်တည်း ဒီကုတင်ကြီးနဲ့ အိပ်တယ်ပေါ့.."

"ဘာဖြစ်လဲ ခင်များကျတော့အိပ်ပြီး ကျွန်တော်က
မရဘူးလား.."
Saeva လည်း မျက်ခုံးပင့်လိုက်ရင်းနဲ့ပင်

My husband has changed 🍃🍃(completed)Where stories live. Discover now