Ep 5 🍃

11.8K 1.1K 47
                                    

မင်းစေရာ ဘေးပတ်လည်မှာ မီးတွေလောင်နေသည်။အဲဒီချိန်မှာမှ ကောင်းကင်ကနေ ရေစက်တွေ
ကျလာတယ်။
မီးငြိမ်းတော့မယ် ထင်ခဲ့ပေမယ့် မိုးစက်ထင်ရတဲ့
အရာတွေက သွေးတွေအဖြစ်ပြောင်းသွားပြီး စေရာ့တစ်ကိုယ်လုံးကို ရွှဲရွှဲစိုစေသည်။

သွေးတွေ ပေနေတာကိုကြည့်ရင်း
စေရာ စို့နင့်လာသည်။
အသက်ရှူလို့တောင် မဝတော့။ရင်ခေါင်းထဲကနေ
ဟစ်အော်လိုက်ချင်သည် အသံကလည်းမထွက်
လှုပ်လို့လည်းမရ။
နားထဲမှာ

"ငါတောင်းပန်ပါတယ်..ငါဒီမှာပဲခေါင်းချမယ်..
ငါကမကြာခင်သေမယ့်လူ ငါ့ကိုထားခဲ့..ပြန်တွေ့ကြမယ်..ကိုယ့်အတွက် ဆုနှိုင်းကသာ အရာအရာပါ..."
ဆိုတာတွေပဲ ကြားနေရသည်။

ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ မင်းစေရာ
တစ်ယောက် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။
အိမ်မက်ဆိုးမက်နေရာ
ကနေရုန်းမထနိုင်။ အခန်းပြင်မှာ လူနာစောင့်
အဖြစ်ဂိုဏ်းကလူ၂ယောက်
ထားခဲ့တာမို့ အသံတွေကြားတော့ ချက်ချင်း
ပြေးဝင်လာသည်။
မင်းစေရာပါးစပ်ကနေလည်း ဝူးဝါး ဝူးဝါး
အော်နေသေးသည်။

ဘယ်လိုမှ လှုပ်နှိုးလို့မရတဲ့အဆုံး
ဆရာဝန်ခေါ်ရတော့သည်။ ဆရာဝန်က စိတ်ငြိမ်ဆေးထိုးပေးလိုက်မှ တဖြည်းဖြည်း ငြိမ်ကျလာတဲ့
မင်းစေရာက ခုတော့ အသက်ရှူသံမှန်မှန်နဲ့
အိပ်ပျော်သွားပြီ။

လူနာစောင့်၂ယောက်လည်း သူတို့ဆရာဆီ
သတင်းပို့ဖို့ လုပ်ရတော့တယ်.။မနက်၂နာရီထိုးနေမှ
ဖုန်းဆက်ရကောင်းလားဆိုပြီး လက်ဖြတ်ပစ်ရင်
မလွယ်ဘူး။ ဒါကြောင့် နင်ဆက် ငါဆက်
လုပ်နေပေမယ့် နောက်ဆုံး စုံ စွမ် စိ
ချရတော့တယ်။ ခပ်ထွားထွားနဲ့တစ်ယောက်လည်း
ဘုရားတရင်း Saeva ဆီဆက်ရတော့သည်။

"ဟဲလို ဆရာ..သခင်လေးခုနကပဲ ရုတ်တရက်
နေမကောင်းဖြစ်သွားပါတယ်..."

အိပ်နေတုန်း မနက်၂နာရီကြီး ဖုန်းမြည်လာတော့
ဘယ်ကောင်သေရဲလို့ လာဆက်တာလဲဆိုပြီး ကြည့်လိုက်တော့ လူနာစောင့်ထားခဲ့တဲ့၂ယောက်ဆီက
ဖြစ်နေတော့ တခုခုဖြစ်လို့လားဆိုပြီး ဖုန်းကိုင်တော့မှ အကြောင်းစုံသိရသည်။

My husband has changed 🍃🍃(completed)Tahanan ng mga kuwento. Tumuklas ngayon