Ep 13 🍃

7.7K 705 10
                                    

Zawgyi...

အခုတလော စေရာ့ကိုကြည့်ရတာ စာလည်း
သိပ်မလုပ်ပဲ လေ့ကျင့်ခန်းတွေချည်းပဲလုပ်နေသည်။
အထူးသဖြင့် ကိုယ်လုံပညာမှာ ထိုးတာ အားသိပ်
မထည့်နိုင်ဘူးဆိုပြီး ထိုးချက်တွေပြင်းအောင်
လေ့ကျင့်နေတာပင်။
မနက်ကျောင်းမသွားခင် ပြေးတယ်။
ညနေကျောင်းကပြန်လာရင် ဓားသိုင်း ၊
ကိုယ်လုံပညာ ၊ သေနတ်ပစ်တာကို ည၁၀နာရီအထိကို
လေ့ကျင့်တော့သည်။
Saeva တွေးရကြပ်လာသည်။

*ဘာလို့ဒီလောက်ထိ လေ့ကျင့်ဖို့လိုတာလဲ...*

စေရာတကယ်ကို ချွေးပြိုက်ပြိုက်ကျနေပေမယ့်
မနားနိုင်သေးပါ။ အရင်ကဓားကို ဆရာကျအောင်
ကိုင်နိုင်ပေမယ့် ခုတော့ ၁ဝက်လောက်သာ
ကိုင်နိုင်တော့သည်။ ဒါကြောင့်
အခြေခံ ခြေလှမ်းနည်းကစလို့ ဓားကို
ကိုယ်လိုရာကို လျင်လျင်မြန်မြန် ရွှေ့နိုင်အောင်
ဓားချက်တွေတိကျအောင် လေ့ကျင့်နေတာ
လက်ကကြာတော့ အကြောတွေတောင့်ပြီး
နာလာသည်။

ပြီးတော့လည်း ဆက်တိုက်ပင်။
၁၅မိနစ်သာနားပြီး သေနတ်ပစ်ကျင့်တယ်။
ခုတော့ရိုင်ဖယ်ကိုင်တော့ မယ်လို့တွေးနေတုန်း
Saeva က တစ်ချက်လွှတ်အမိန့်နဲ့ လေ့ကျင့်ရေး
ရပ်ဆိုပြီး ဆွဲခေါ်လာသည်။
အခန်းထဲရောက်တော့ စေရာ့ကို စေ့စေ့ကြည့်ရင်း

"ရာရာ ကိုယ့်ကိုပြော..ဘာလုပ်နေတာလဲ ကိုယ်တကယ် တခုခုရှိတယ်လို့ ထင်နေမိတယ်..."

"ဆေဲးန် ကလည်းဘာမှ မရှိပါဘူး...
ဆေဲးန် စိုးရိမ်လွန်နေတာပါ..."

အရမ်းကို ဟန်ဆောင်ကောင်းနေပေမယ့်
Saeva က သူ့ကိုအရိပ်တကြည့်ကြည့်နဲ့
နေနေတာကို သူမေ့သွားလေရော့လား။
ဘယ်လိုပင် ဟန်ဆောင်ကောင်းကောင်း Saeva ကိုတော့ ဟန်မဆောင်နိုင်ပါဘူး။
လက်ဆုပ်လက်ကိုင်ပြလို့မရသေးလို့ ဘာမှ
မပြောပဲနေနေတာ။

နေနေရင်းကနေ ခွေကနဲ ပုံကျသွားတဲ့ စေရာကို
ချက်ချင်းပင် ပွေ့ပြီးအိပ်ယာပေါ်
တင်ပေးလိုက်တယ်။ ဒင်းကလေးကတော့ခုမှ
တောင်းပန်သလိုလာ ကြည့်နေသည်။

"ဒီလောက်ထိမညှာမတာ လေ့ကျင့်နေမှတော့
ဖြစ်ပြီပေါ့..ဒီခန္ဓာကိုယ်ကဖြင့် ကြံ့ခိုင်တာလည်း
မဟုတ်ဘူး...ဒီခန္ဓာကိုယ်တခုခုဖြစ်သွားရင် မင်း
ဘယ်လိုလုပ်မှာလဲ..ပြန်လျော်ပေးနိုင်မှာလား.."

My husband has changed 🍃🍃(completed)Where stories live. Discover now