20.3.21 Perth's BD memo
Zawgyi
Saint တစ်ယောက်ဒီနေ့နားရက်မို့ သူငယ်ချင်းဖြစ်သူ bonus နဲ့ ၂ယောက်သား တစ်နေကုန်ပတ်လည်နေလေသည်။
Saint စားချင်သမျှတွေအကုန်လိုက်ဝယ်ကျွေးနေသော အချစ်ဆုံးသူငယ်ချင်းကြောင့် Saint မှာပိုပျော်လို့နေလေသည်။အမှန်တော့ ဒီနေ့ Bonus ကိုခေါ်ပြီးထွက်လာတာ Perth အတွက်မွေးနေ့လက်ဆောင်ဝယ်ပေးမလို့ဖြစ်သည်။
ကျွန်တော်တို့ချစ်သူသက်တမ်း ၂ နှစ်ကျော်ရှိပြီလေ။ဒါသူနဲု့ဖြတ်သန်းတဲ့ တတိယအကြိမ်မြောက်မွေးနေ့ဖြစ်တာမို့လို့ ထူးထူးခြားခြားလေးဖြစ်အောင်လုပ်ပေးချင်သည်။ခက်တာက ဒီရက်ပိုင်းထဲ အလုပ်တွေရှုပ်နေတာနဲ့ Perth ကို မွေးနေ့အတွက်လုပ်ပေးဖို့အချိန်ကလဲမရခဲ့ဘူး။အဲ့တာကြောင့် အခု Bonus ကိုခေါ်လာရခြင်းပင်။သူကတော့ သူကူညီမယ် ပြောတာဘဲ။
"Bonus မင်းငါ့ကိုကူညီပေးမယ်ဆို"
"အေး ငါလုပ်ပေးမယ် မင်းစားစရာရှိတာအေးဆေးစား"
"ဘယ်လိုလုပ်ပေးမှာတုန်း ခုဘဲမိုးချုပ်နေပြီလေ"
"Saint Perth ကဘာကြိုက်တတ်လဲ"
"ငါ့ကို"
Bonus စားခါနီးအစာပင် ပါးစပ်ဝမှာ ရပ်သွားသည်။ဒါသက်သက်သူ့ကို လာနှိမ်နေသလိုပင်။
"Ai'Saint မင်းငါ့ကိုလာပြောင်နေတာလား မင်းကသူ့ချစ်သူလေ မင်းကိုမကြိုက်လို့ ငါ့ကိုကြိုက်ရမှာလား"
"ဟင့်အင်း မင်းလိုပုံလဲ သူမကြိုက်ပါဘူး သူကငါ့ဘဲကြိုက်တာ"
"Saint Sup!!!!!"
"ဟ ဘာလို့ထအော်တာလဲ မင်းမေးလို့ဖြေတာလေ"
"ငါမေးနေတာ ပစ္စည်းဖြစ်ဖြစ် သူ့အမူအကျင့်မျိုးဖြစ်ဖြစ် မင်းသတိထားမိတာမရှိဘူးလား"
"အော် အဲ့တာလား သူကဂစ်တာတွေကြိုက်တယ် သူ့အခန်းထဲမှာ ဂစ်တာတွေချည်း ပြီးတော့ ကားလဲကြိုက်တယ် ဟေး Bonus မင်းငါ့ကို ကားဝယ်ခိုင်းမလို့ကြံနေတာတော့ မဟုတ်ဘူးမလား"
Bonus Saint ကိုစိုက်ကြည့်နေမိသည်။ငါ့သူငယ်ချင်း အောက်ရောက်တာလဲမပြောနဲ့ တုံးချက်က လက်လန်တယ်။