Zawgyi
ဒီ Quarantine ရက်တွေက Perth အတွက် အရမ်း
ပျင်းဖို့ကောင်းနေပြီဖြစ်သည်။ တွေ့ချင်သောသူကိုလည်း တွေ့ခွင့်မရပေ။ တနေကုန် အခန်းထဲကမထွက်ဖြစ်ဘဲ သီချင်းတွေချည်း နားထောင်နေမိသည်။ကျွန်တော့်ရဲ့ Fan လေးတွေကိုလွမ်းတယ် သူတို့နဲ့ စကားပြောချင်ပေမယ့် ကျွန်တော်တကယ် Social media တွေသုံးရတာမကြိုက်ဘူး သူတို့လည်း ကျွန်တော့်လိုဘဲ လွမ်းနေကြမယ်ထင်ပါတယ်
နောက်ပြီး..သူကော ကျွန်တော့်ကိုသတိရနေမှာလား ကျွန်
တော်တို့ ၂ ယောက်မတွေ့ဖြစ်တာ အရမ်းကြာနေပြီ P'လည်း P'အလုပ်တွေနဲ့လေ ကျွန်တော်မနှောင့်ယှက်ချင်
ပါဘူး...ဒါပေမယ့် ကျွန်တော်အရမ်းလွမ်းနေတာကိုတော့ ဘယ်လိုလုပ်ရမလဲ*Ting*
Line ကနေ message ဝင်လာတဲ့အသံကြောင့် Perth သူများလားဆိုတဲ့စိတ်နဲ့ အမြန်ဖွင့်ကြည့်လိုက်သည်။P'Pae-Perth မနက်ဖြန်ညနေ Cathy doll မှာ Live လွှင့်ဖို့ schedule ရှိတယ်နော် မမေ့နဲ့အုန်း
စာပို့တဲ့သူက မျှော်နေသောသူမဟုတ်သောကြောင့် Perth ဖုန်းကိုပြန်ပိတ်လိုက်ကာ ခေါင်းအုံးပေါ်ခေါင်းမှောက်ချလိုက်
သည်။ Perth ရဲ့ Line app ထဲတွင် စာမပြန်ရသေး သည့် noti များဖြင့်ပြည့်နေလေသည်။ကျွန်တော်ဘယ်သူနဲ့မှ စကားမပြောချင်ဘူး..သူကလွဲလို့
P' တယောက်ထဲကလွဲပြီး ကျွန်တော်ဘယ်သူ့ကိုမှ reply မမြန်ချင်ဘူး..တခြားသူအမြင်မှာအပိုလုပ်တယ်ထင်ချင်ထင်မယ်..ဒါပေမယ့် အဲ့လိုအသေးအမွှားကိစ္စလေးတွေက အစ......
ကျွန်တော့်ရဲ့ အလေးပေးမှုတွေနဲ့ ဂရုစိုက်မှုတွေက P'တယောက်တည်းအတွက်ဘဲ ဖြစ်ချင်တာP' ကတော့ကျွန်တော့်ကို ပစ်ထားရက်တယ်ဗျာ
Perth ဖုန်းထဲကနေ အရင်အချိန်တုန်းက ဓာတ်ပုံတွေပြန် ကြည့်နေမိသည်။ P'Saint ရဲ့အပြုံးတွေ..ကိုက်ဖဲ့ချင်စရာကောင်းလှတဲ့ အဲ့ပါးဖောင်းဖောင်းလေးတွေကိုကြည့်ရင်း Perth မှာတယောက်တည်းအသဲတယားယားဖြစ်နေသည်။ထိုအချိန်....ဓာတ်ပုံလေး တပုံမှာ Perth လက်တွေရပ်တန့်သွားတယ်..
ပုံလေးက ပန်းရောင်ဝတ်စုံနဲ့ ကောင်လေး ၂ယောက်က ပန်းရောင်အပြင်အဆင်တွေနဲ့ Stage လေးပေါ်မှာရပ်နေခဲ့
ကြတယ် သူတို့ ၂ ယောက်ရဲ့အနောက်မှာ ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးရဲ့ ပျော်ရွှင်မှုက ဒီလူသား၂ယောက်ကို တွဲဖက်မြင်နေရသည်က သူတို့ရဲ့ အသက်တခုလို..