Spicy Present

180 15 93
                                    

Zawgyi

[ Warning ပါပါတယ်နော်!! BD theme ကိုယူရေးထားပေမယ့် Smut scene တွေပါတာကြောင့် စိတ်မဆိုးဘူးဆိုမှဖတ်ပါ]

*Ring Ring* *Ring Ring*

အဆက်မပြတ်မြည်လာသော ဖုန်းသံကြောင့် Perth အိပ်ချင်မူးတူးနဲ့ကောက်ကိုင်လိုက်သည်။နာရီကိုလှမ်းကြည့်တော့ ကိုးနာရီကျော်ကျော်။

"hello"

"Perth အိပ်နေတုန်းလား ထတော့လေ P' တို့ နေ့လည်ပွဲရှိသေးတယ်"

မန်နေဂျာအမစကားကြောင့် Perth အိပ်ချင်မူးတူးနဲ့ မျက်မှောင်နည်းနည်းကျုံ့သွားသည်။

"ဘာပွဲလဲ P"

"ဟမ် Perth ဒီနေ့ဘာနေ့လဲကော သိရဲ့လား"

Perth ဖုန်းကိုနားအနားကခွာကာ လှမ်းကြည့်ပြီး လေးတိလေးတွဲအသံနဲ့ပြောလိုက်သည်။

"တနင်္ဂနွေနေ့လေ ဘာထူးခြားလို့လဲ"

ထိုသို့ပြောတော့ Phi ကရယ်နေလေသည်။

"Perth ကိုယ့်မွေးနေ့ကိုယ်မေ့နေရလား"

"ဗျာ…"

Perth အဲ့ကျမှ မျက်လုံးလေးနည်းနည်းပြူးကာ ဖုန်းကနေ့စွဲကိုသေချာပြန်ကြည့်မိသည်။ဟုတ်တာဘဲ ဒီနေ့သူ့မွေးနေ့။မနေ့ကထိ ရိုက်ကွင်းမှာ အရမ်းပင်ပန်းနေတာကြောင့် မွေးနေ့ရောက်လာပြီမှန်းတောင်သတိမထားမိလိုက်ပေ။

"ပွဲကဘယ်အချိန်လဲ Phi"

"၁ နာရီလောက်ဘဲ Phi ၁၂ လောက်လာခေါ်မယ်နော်"

"ဟုတ်"

Perth ဖုန်းချကာ Line ထဲတစ်ချက်သွားပြီး သူစာပို့ထားမလားရှာမိသည်။ဝင်နေသော စာလေးတစ်စောင်ကြောင့် Perth မျက်နှာပေါ်က အပြုံးတွေကထိန်းမရ။

*Happy Birthday Perth မွေးနေ့မှာပျော်ရွှင်ပါစေ အသက်တစ်နှစ်ကြီးလာပြီနော် ဆိုးတဲ့အကျင့်လေးတွေလဲလျှော့*

Perth စာကိုဖတ်ပြီးတာနဲ့ မနေနိုင်ဘဲ ချက်ချင်းဖုန်းခေါ်လိုက်တော့သည်။အလုပ်တွေနဲ့ နှစ်ယောက်လုံးမအားဖြစ်နေတာကြောင့် မတွေ့ဖြစ်တာက တစ်လနီးပါးလောက်ရှိနေပြီဖြစ်သည်။Perth လဲ အရမ်းလွမ်းနေတာကြောင့် ဒီလိုနေ့လေးမှာတော့ တွေ့ချင်မိသည်။

You've reached the end of published parts.

⏰ Last updated: Mar 20, 2022 ⏰

Add this story to your Library to get notified about new parts!

Endless Love storyWhere stories live. Discover now