Zawgyi
သာယာသော နေ့လည်ခင်းလေးတစ်ခုတွင် တက္ကသိုလ်ဝန်းထဲကကျောင်းသားအသီးသီးကတော့ စာမေးပွဲအခန်းမှ ထွက်ထွက်ချင်းအချိန်ဖြစ်၍ ဟိုတစ်စု ဒီတစ်စု စုနေကာ အဖြေများအကြောင်းတိုင်ပင်နေကြသည်။
ထိုနည်းအတူ အင်ဂျင်နီယာဌာနရဲ့ စာသင်ခန်းတွေရှေ့က ခုံတန်းလျားလေးမှာလဲ လူသုံးယောက်ထိုင်နေပြီး သူတို့အရှေ့မှာတော့ ပြင်သစ်-ထိုင်း သွေးနှောကောင်လေးတစ်ယောက်သည် ခုံပေါ်မတ်တပ်ရပ်ကာ အော်သံများဖြင့် ဆူညံနေလေသည်။
"အားးး သေပါပြီ ငါဘာတွေဖြေခဲ့တာလဲမသိတော့ဘူး ဟိတ်ကောင်တွေ ဒီအပုဒ်က သေချာပေါက် 1236.4456 ထွက်တာလေ မင်းတို့ကဘယ်လိုလုပ် 16 ထွက်နေတာလဲ "
"မင်းရူးနေလား Pond ပုံသေနည်းကအစ သောက်တလွဲရေးခဲ့မှတော့ ထွက်တဲ့အဖြေလွဲတာဆန်းလား မင်းသာ အဲ့ဂျပန်မင်းသမီးကို ကြည့်တာတွေလျှော့ပြီး အတန်းထဲနည်းနည်းလေးအာရုံစိုက်ရင်ကို အေးဆေးဖြေနိုင်တယ် ငါ့ကိုဘဲကြည့်"
အော်နေသော Pond ကို Ping ကသူအကုန်ဖြေနိုင်ခဲ့တယ်ဆိုတဲ့မျက်နှာနဲ့ ဂုဏ်ယူစွာပြောတော့သည်။သူတို့ ၂ ယောက်ကို ထိုင်ကြည့်နေတဲ့ ချစ်စရာကောင်မလေး Bow ကတော့ Pond ကိုစာအုပ်နဲ့ တစ်ချက်ဖြတ်ရိုက်ကာ အော်ရီတော့သည်။
"Pond နင်သာ အင်ဂျင်နီယာဖြစ်ရင်တော့ ငါတို့ထိုင်းနိုင်ငံက တိုက်တွေ အကုန်ပြိုကုန်တော့မှာဘဲ သိလား ဟားဟား"
"အမယ် Bow နင်ကပါ အကုန်ဖြေနိုင်တယ်လို့တော့မပြောနဲ့နော်"
ထိုကျမှ Bow မှာ ရီနေရင်း မျက်နှာကချက်ချင်းတည်သွားကာ ငိုမဲ့မဲ့ဖြစ်လာတော့သည်။
"ငါလဲ.. ငါလဲ မှားတယ် အီးဟီးး"
"အော် အဖော်ရှိတာဘဲ ရပြီ"
Pond မှာအော်ငိုနေသော သူငယ်ချင်းမလေးကို ကျောလေးပုတ်ကာ နှစ်သိမ့်ရင်း တစ်ချိန်လုံးငြိမ်ပြီးထိုင်ကာ ဖုန်းကိုဘဲပေါက်ထွက်မတတ်စိုက်ကြည့်နေသောသူကို လှမ်းခေါ်ရတော့သည်။
"Ai'Aeee မင်းကော ဖြေနိုင်လား"
"အင်း"
Pond ကိုတောင်မော့မကြည့်ဘဲ ဖုန်းကိုဘဲကြည့်ကာ မေးတစ်ချက်ဆတ်ပြရင်း ပြန်ဖြေလာသူကြောင့် Pond မျက်နှာတွေရှုံ့တွသွားတော့သည်။