Chapter-4(U+Z)

1.5K 318 6
                                    

-Unicode

7)

လွန်ခဲ့သောနှစ်လက Miao နယ်စပ်ရှိနတ်ဆိုး ဂိုဏ်း၏ဘေးဌာနခွဲသည်ဂိုဏ်းမှခွဲထွက်ရန်နှင့်ဂိုင်းသစ်တည်ထောင်ရန်ရည်ရွယ်​နေသည်။  Xu Man သည် Miao ရှိပြဿနာကိုရှင်းလင်းရန်ညွှန်ကြားခံခဲ့ရသည်။

​ဘေးဌာနခွဲက​ခေါင်းဆောင်​နေရာကိုတကယ်တမ်း​တော့ကူဘုရင်ကယူသွားတယ်လို့ဘယ်သူကသိမှာလဲ  Xu Man ဘေးဌာနခွဲရဲ့ပိုင်နက်ထဲသို့ဝင်လိုက်​သောအခါသူသည်ချက်ချင်းကူဘုရင်နှင့်တွေ့ဆုံခဲ့ရသည်!

နေ့စဉ် Xu Man သည်အခြေခံအားဖြင့်ကျိုင်း​ကောင်*ဖြစ်သော်လည်းသူတစ်ခုခုလုပ်လိုသောအခါတွင်သူသည် ယိမ်းယိုင်လွယ်သူမဟုတ်ပေသူသည်ကူဘုရင်၏ထောင်ချောက်မှလွတ်မြောက်ခဲ့ပြီးဘေးဌာနခွဲသို့ခုန်ချကာခေါင်းဆောင်ကိုသတ်ခဲ့သည်။ သို့သော်သူသည်လုပ်ငန်းပြီးဆုံးပြီးနောက်ပြန်လာခါနီးတွင် ကူဘုရင်၏ချုံခိုတိုက်ခိုက်မှုကိုခံခဲ့ရသည်။

(T/N : I have no idea why the author use caterpillar [毛虫 (Máochóng) ]. I search and it is not even an idom? Anyway I want to use couch potato but I decided to keep it as caterpillar and just put this note)

ကူဘုရင်၏ကိုယ်ခံပညာသည်ပျှမ်းမျှဖြစ်သည်။ သို့သော်သူ၌ထူးဆန်းသောကူများ​မြောက်များစွာရှိသည်။  ကံကောင်းထောက်မစွာ Xu Man သည် သူ Miao သို့မလာမီကူများ​ပျောက်ကွယ်နိုင်သည့်​ဆေးမှုန့်များကိုပြင်ဆင်ခဲ့သည်။  သို့သော်အမှုန့်ပြန့်နှံ့နိုင်သည့်ကူအ​​​ရေအတွက်မှာအကန့်အသတ်ရှိသည်။မကြာမီကူအချို့သည်သူ့ခန္ဓါကိုယ်ထဲသို့ဝင်လာပြီးအချို့ကသူ့ကိုပူ​အောင်​အေး​အောင်ပြုလုပ်ပြီးအချို့ကသူ့ကိုနာကျင်မှုကိုခံစားရ​စေကာအချို့ကလူ​တွေ​သွေးအန်​စေသည်….. ဒါ​ပေမယ့်Xu Man သည်အတွင်းအားကိုအသုံးပြုပြီးကူ အားလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီးကူဘုရင် ကိုအနိုင်ယူနိုင်ခဲ့သည်။ဒါ​ပေမယ့်ကူဘုရင်​သေဆုံးသွား​သောအခါ သူသည် “မင်းရဲ့မျက်စိကိုဖွင့်လိုက်တဲ့အခါမင်းပထမဆုံးမြင်တွေ့သည့်သူကမင်းကိုချစ်တယ်လို့ ​ပြောရမယ်”လို့​ခေါ်တဲ့အချစ်ကူတစ်မျိုးကိုသူ့ကိုယ်ထဲစိုက်ပျိုးခဲ့သည်။

Xu Man သည် ကူဘုရင် ကိုသေစေပြီး​နောက်​မောပန်းမှုနှင့်အတူ​မြေ​ပေါ်သို့ပြိုလဲကျသွား​တောသည်။ သူနိုးလာသောအခါသူ့ကိုရှာ​တွေ့​သောသူသည်Tang Sifeng ဖြစ်သည်။

ကျေးဇူးပြုပြီးကျွန်တော့်ကိုချစ်တယ်လို့ပြောပေးပါ![ဘာသာပြန်]Where stories live. Discover now