အခန်း၉။ အစ်မကြီးနဲ့ ညီမလေး - ကြားကာလ ဖြစ်စဉ်

269 41 0
                                    

Unicode

* စာရေးသူ အမှာစကား - ဒီအခန်းတွင် မတွေ့တာကြာပြီ ဖြစ်တဲ့ လီလီအာနာနဲ့ အန်နေမာရီ ပြီးတော့ အချို့အပိုင်း၌   ဘုရင်မလည်း ပါဝင်သည်။

" လီလီ ကြည့်ပါဦး၊ ဒါ နင့်ကို ငါ အရင်က ပြောဖူးတဲ့
ဆံပင် အလှတန်ဆာလေ။ အခြား တိုင်းပြည်ကဟာလေ။ ဒီလို နူးညံ့တဲ့ တုတ်ချောင်းနဲ့ ဆံပင် ဘယ်လောက်ထူထူ ခေါက်တင်ထားလို့ရတယ်"

'သိပ် ကောင်းတာပဲ၊ ဟုတ်တယ်နော်' ညီမလေးမျက်နှာပေါ်က အပြုံးချိချိုလေးက သူမ
ကောင်းကောင်း ပြန်နာလန်ထူလာတာကို ပြနေတယ်။

"ဟုတ်တယ်၊ ဟုတ်တယ်နော်၊ မာရီ၊ အသစ် တစ်ခုခု လေ့လာလိုက်သေးတယ်ပေါ့"

"အင်း၊ လုခ့်က ကျွန်မတို့ တွေ့တိုင်း ပုံပြင်
အသစ် ပြောပြဖို့ မမေ့ဘူး"

အန်နေမာရီ ပြန်ပြုံးလာလို့ သိပ်ဝမ်းသာပေမဲ့ တစ်ချိန်
တည်းမှာပဲ သူမ စကားတွေက စိတ်မသက်မသာ ဖြစ်စေတယ်။

အန်နေမာရီက အေးဆေးတဲ့ ကလေး
တစ်ယောက်ပါ။

သူမက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူလည်းမဟုတ်၊ ဒါပေမဲ့ အမျိုးသမီကောင်းတွေရဲ့ ကျင့်ဝတ်ထုံးထမ်းတွေကို တက်တက်ကြွကြွလေ့လာတတ်တယ်။ ဟုတ်တယ်၊ သူမက လုံ့လ ဝီရိယရှိတဲ့ ဂုဏ်ယူဖွယ်ရာ ကျောင်းသား
ပုံစံလေ။

သို့သော်လည်း ဂေလ်ဘတ်ရဲ့ အသိဉာဏ်နဲ့ ပတ်သက်လာရင် သူမ မျက်လုံးတွေ အရောင်တောက် သွားတတ်တယ်။ အန်နေ ကလေးတုန်းကဆို သူမ ဂေလ်ဘတ်နားမှာပဲ ကပ်နေပြီး သူ့စကားတိုင်းကို တစ်လုံးတစ်လေတောင် အလွတ်မခံဘဲ  နားထောင်နေတတ်တာ။

ခုလက်ရှိ သူမကို မြင်ရတာ ဟိုးအရင်က သူမပုံစံကို သွားသတိရစေတယ်။

သူမ မျက်လုံးတွေ ထပ်ပြီး တောက်ပလာတယ်၊
ဂေလ်ဘတ်ကြောင့်တော့ မဟုတ်၊ လုခ့်ကြောင့်ပေါ့။

သူမက လက်ထပ်ဖို့ သင့်တော်တဲ့သူ မဖြစ်နိုင်တော့ဘူး။ ဆိုလိုတာက အန်နေက ဒီထက် အဆင့်အတန်း တက်ဖို့ အခွင့်အရေး မရှိတော့ဘူးလေ။  ဒါပေမဲ့ ကျွန်မ၊ 
မောင်လေးနဲ့ အဖေကတော့ နောင်တမရပါဘူး။

သူမကို တွေ့သည့်နေ့Donde viven las historias. Descúbrelo ahora