Unicode
ကျွန်တော်တို့ စကားဝိုင်း ပြီးသွားတဲ့နောက် မာရီယာက ကျွန်တော့်ကို နှင်ထုတ်လိုက်တယ်လို့ ပြောလို့ရတယ်။"အစကနေ ပြောရရင် ဒီလို စကားဖောင်ဖွဲ့ပြောဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီအောန်က ကျွန်မကို အကူအညီ တောင်းခဲ့လို့သာ ဆန္ဒမရှိဘဲ သဘောတူခဲ့ရတာ။ ရှင်နဲ့ တစ်ခန်းတည်း တူတူရှိနေဖို့ မဆိုနဲ့၊ လေအတူတူကို ရှူဖို့တောင် အခု
တောင် ငါ သည်းခံနိုင်တာထက် ကျော်သွားပြီ"မာရီယာရဲ့ စကားတွေက ချွန်ထက်လိုက်တာမှ ရင်ဘတ် ထဲမှာတောင် နာကျင်တယ်။
ဒါတောင်မှ ဒိီစကားတွေက လိုအပ်တယ်။ အဲဒါတွေက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ မငြင်းနိုင်သလို၊
ကျွန်တော် ဘယ်လောက်ထိ မိုက်မဲခဲ့လဲဆိုတာကိုလည်း မငြင်းနိုင်ဘူး။"ကျွန်မကို 'မရီး' လို့ မခေါ်ပါနဲ့" ဆိုပြီး တကယ့်
အစ်မအရင်း တစ်ယောက်လို ပြုမူလိုက်သေးတယ်။အန်နေမာရီအပေါ် ငါ ဘာလုပ်မိလိုက်တာပါလိမ့်...
ဘယ်လောက်တောင် မာနကြီးတဲ့... ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ ငါပါလား...
သူမ ငါ့အပေါ် ဖုံးကွယ်ထားတဲ့ အကြောင်း
အရင်း ဘာတစ်ခုမှမရှိဘူးလို့ ထင်နေခဲ့သေးတာ...ကျွန်တော် ခဏခဏ ပြောခဲ့သလိုပဲ၊ အန်နေမာရီကို
မာရီယာရဲ့အစားထိုးအဖြစ် သတ်မှတ်ခဲ့တာက ဘယ်တုန်းကမှ ကျွန်တော့်ဆန္ဒ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ ဒါတွေက ဆင်ခြေသက်သက်ပဲဆိုတာ သိတယ်။ ငါ အန်နေကို ဆက်ဆံခဲ့တဲ့ပုံက ဒါတွေကို အခြေအမြစ်မရှိဘူးလို့ သေချာသွားစေတာ။
ဒီအောန်က မာရီယာကို ပေးခဲ့သလိုမျိုး အန်နေကို ပုံစံတူလက်ဆောင်တွေ ပေးခဲ့တာ၊
သူမကို 'မာရီယာ'လို့ခေါ်တာတွေ ဒါမှမဟုတ် အခြား
နာမည်တွေ ခေါ်တာတွေကြောင့်၊ သူ့ကို အခြား
တစ်ယောက် ကိုယ်စား ဒါမှမဟုတ် အစားထိုးအဖြစ် ဆက်ဆံနေတယ်လို့ ဘယ်သူက မတွေးမိဘဲ နေမှာလဲ။အဲတော့ သူမ အဲလို စဉ်းစားမိမှာ ပုံမှန်ပဲလေ။
စောနက မာရီယာက ငါ့အပေါ် ကောင်းကောင်းဆက်ဆံတာက ငါက ငါ့အစ်ကိုနဲ့ တူလို့ဆိုပြီး ပြောတုန်းက သူမ ချက်ချင်းပဲ နောက်နေတာလို့ အကြောင်းပြတယ်။
![](https://img.wattpad.com/cover/271716292-288-k347919.jpg)
ESTÁS LEYENDO
သူမကို တွေ့သည့်နေ့
RomanceUnicode ကျွန်တော့်ကို သိပ်ချစ်တဲ့ ကျွန်တော့်ဇနီးရဲ့ နှလုံးသားကို ကျွန်တော် ကိုယ်တိုင်ဖျက်ဆီးလိုက်မိပြီ။ ဒီဇာတ်လမ်းကတော့ ကျွန်တော် သူမကို ဘယ်လို ဒုက္ခပေးမိလဲ၊ အဲလိုလုပ်မိတဲ့အတွက် နောင်တရမိပြီး အဲဒီနောင်တကို ပိုက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တို့...