အခန်း ၂။ သူမကိုဆုံးရှုံးလိုက်ရတဲ့နေ့အထိ - ကိုယ်ရေးအတ္ထိုပ္ပတိအလယ်ပိုင်း

511 65 0
                                    

Unicode

ကျွန်တော့်မျှော်မှန်းချက်နဲ့ မတူဘဲ ကျွန်တော်နဲ့ အန်နေမာရီရဲ့အိမ်ထောင်သည်ဘဝဟာ ငြိမ်းချမ်းနေတယ်။

သူမဟာ ပြည့်စုံတဲ့ သခင်မဖြစ်တာကြောင့် တစ်အိမ်လုံးဟာ အသက်ဝင်နေတော့တယ်။

နောက်ပိုင်း အိမ်တော်ကို အရောင်ဖျော့ဖျော့လေးတွေနဲ့ အလှဆင်ထားတာကြောင့်လည်း ဖြစ်နိုင်ပေမဲ့ အိမ်စေတွေရဲ့ မျက်နှာထားတွေက ပိုပြီးရွှင်ပြလာတာအမှန်ပေ။

ဒါ့ပြင် သူမက ကျွန်တော်လူမှုရေးကိစ္စတွေမှာလည်း ကူညီ ပေးလေ့ရှိတယ်။

လူမှုဆက်ဆံရေး မကောင်းတဲ့ ကျွန်တော်နဲ့ မတူဘဲ အန်နေမာရီကို ကလေးဘဝကတည်းက သူမဖခင်က လေ့ကျင့်ပေးထားတာကြောင့် သူမက အရမ်းကို လူမှုဆက်ဆံရေးကောင်းလှတယ်။

တကယ်လို့ လူအများရဲ့ အခြေအနေကို မသိဘဲနေရာကနေ ထသွားမိရင်တောင် သူမက ကျွန်တော့်အတွက် ကာပြောပေးဖို့ အဆင်သင့်ရှိနေလေသည်။ သူမက
ကျွန်တော်ရဲ့ လူမှုဆက်ဆံရေးလိုအပ်ချက်ကို ဖာထေးပေးလေ့ရှိသည်။ သူမ့ရဲ့ ပံ့ပိုးပေးမှုကြောင့်သာ ကျွန်တော်ရဲ့ ဝပ်စတင် မြို့စားရာထူးက မြဲနေတာ ဖြစ်တယ်။

"အိမ်ပြန်ရောက်ပြီ"

ကျွန်တော်အိမ်ပြန်ရောက်တိုင်း ကျွန်တော်ကို အပြုံးနဲ့
ကြိုဆိုဖို့ အိမ်ပေါက်မှာ သူမ အမြဲရှိနေတတ်တယ်။

ဘယ်လောက်ပဲနောက်ကျနေပါစေ သူမက
ကျွန်တော့်အပြန်လာကို မအိပ်ဘဲ အမြဲစောင့်နေတတ်
တယ်။

"ကြိုဆိုပါတယ်၊ သခင်ဂေလ်ဘတ်"လို့ ပြောလေ့ရှိတယ်။

ကျွန်တော် အခုလက်ရှိ အခြေအနေကို ကျေနပ်ရုံသာမက သူမရဲ့ တည်ရှိနေမှုကိုလည်း နှစ်သက်တယ်။

ဒါပေမဲ့ ညဖက်တွေမှာတော့...

သူမကို 'မာရီယာ' လို့ပဲ ခေါ်နေမိတယ််။

သူမရဲ့တည်ငြိမ်လှပြီး ဟန်ဆောင်ထားတဲ့ မျက်နှာ—

— ဘယ်တော့များမှ အဲမျက်နှာဖုံး ကွာကျလာပြီး
အောက်မှာ ဖုံးကွယ်ထားတဲ့အမျက်ဒေါသတွေ ပေါ်လာမှာပါလိမ့်။

သူမကို တွေ့သည့်နေ့Où les histoires vivent. Découvrez maintenant