.Zawgyi.
30th December, 2031
စာအုပ်ကိုပိတ်ချလိုက်ကာ သက်ပြင်းရှည်ကြီးတချက်ကို ချလိုက်တဲ့Kim Taehyung
စာရွက်၂ရွက် ပြီးသွားခဲ့ပြီ။
စာအုပ်ကိုဆက်ဖတ်သင့်သလား? မဖတ်သင့်သလား?စဉ်းစားနေမိခြင်း..
နောက်စာမျက်နှာတွေကသူ့ကို ဝမ်းနည်းစရာကောင်းတဲ့အတိတ်တွေကိုဘဲ ပုံဖော်စေမှာကိုသိပေမယ့်လည်း...
Taehyungတွေဝေနေမိသည်.. ဆက်ဖတ်သင့်သလား?
အရင်တုန်းကအကြောင်းတွေကို ပြန်တွေးမိတိုင်း ဒီဘယ်ဘက်ရင်ဘက်ကစူးအောင့်တတ်လာတတ်တယ်။
နောက်ထပ်သက်ပြင်းရှည်ကြီးတချက်ကိုချလိုက်ကာ စာအုပ်ကိုပြန်ဖွင့်ပီး ၄ရွက်မြောက်စာရွက်ကို လှန်ကာ စာကြည့်စားပွဲဘေးကထိုင်ခုံမှာ ထိုင်လိုက်သည်
နောက်ထပ်တခါ သူ့ရဲ့နာကျင်ဖွယ်အတိတ်ဆီသို့ သူကိုယ်တိုင်ဘဲ ဦးဆောင်ကာခရီးနှင်မိပြန်သည်..
~~~~~~~~~~~
Flash Back
4th March, 2018Only if u knew how much i liked u
ကျောင်းနောက်ဆုံးစာမေးပွဲကြီးလဲပြီးသွားတာ ကြာခဲ့ပြီ။နွေရာသီကျောင်းပိတ်ရက်ဆိုပေမယ့်လဲ ဆောင်းရဲ့အငွေ့အသက်တွေကကျန်ရှိနေသေးတာကြောင့် အအေးဓာတ်ကတော့လျော့မသွားသေး..။
စာမေးပွဲအောင်စာရင်းထွက်ပီးသွားရင် ဘယ်တက္ကသိုလ်တက်ရမလဲစဉ်းစားရပေအုံးမယ်။
Jungkookကသူ့အိမ်ကိုလာခဲ့ရန်ခေါ်နေတာကြောင့် စီးနေကျစက်ဘီးလေးကိုထုတ်ကာ သူ့အိမ်ဆီသို့ဦးတည်ရပြန်သည်.
ဟိုတခါသူပေးတဲ့hoodieလေးလဲခုချိန်ထိပြန်မပေးရသေး။တော်တော်ကြာနေပီဖြစ်တာကြောင့် မေ့တောင်မေ့ချင်နေပီ။
နောက်ရက်မှသာပေးပါတော့မယ်
*ဒေါက် ဒေါက်*
အိမ်ရှေ့တံခါးကိုခေါက်လိုက်တော့ Jungkook ommaကတံခါးလာဖွင့်ပေးရင်း
"aww Taehyungလေးလာပါလား လာ လာ !
Jungkookကိုသွားခေါ်ပေးမယ်""ရပါတယ် အန်တီရယ် သားဘဲသွားလိုက်မယ်"
YOU ARE READING
•Heather•
Fanfictionသက်ရှိသက်မဲ့တွေ၊ပစ္စည်းဥစ္စာတွေ အရာဝတ္ထုတွေကို ကိုယ်ကဆိုင်ဘဲဆိုင်တယ် မပိုင်ဘူးလို့ ဘုရားကဟောခဲ့ဖူးတယ် သို့ပေမယ့် Taehyungကတော့ Jeon Jungkookဆိုတဲ့ထိုလူသားကို မပိုင်ရုံသာမက ဆိုင်ပါမဆိုင်ခဲ့လေတော့.... သက်ရှိသက်မဲ့တွေ၊ပစ္စည်းဥစ္စာတွေ အရာဝတ္ထုတွေကို ကိုယ်က...