⌜ Final ⌟

397 35 3
                                    

30th December,2031

လွန်ခဲ့သော ၆နှစ်ခန့်၊ Jungkookနဲ့ ShinHaeတို့မင်္ဂလာဆောင်ပီး မနက်ဖြန်မှာဘဲ Ommaကိုအကျိုးအကြောင်းပြောကာ Taehyungမွေးဖွားရာ ဇာတိမြေDaeguကိုပြန်သွားခဲ့သည်။

ဘယ်သူ့ကိုမှအသိမပေးဖြစ်ခဲ့၊Jungkookကိုရော..

အခုတော့Ommaရဲ့ဈာပနကိစ္စကြောင့် ၆နှစ်ကျော်ကြာမရောက်ဖြစ်ခဲ့တဲ့ Seoulကအိမ်လေးကိုပြန်ပီးခြေချမိခဲ့ပြန်ပြီ။

လွမ်းနေခဲ့ရတဲ့သူကိုပြန်တွေ့ရတော့မယ်ဆိုတဲ့အသိက လူကိုပျော်စေပေမယ့် သူ့မိသားစုပါပါလာအုံးမည်ဆိုတော့ ဝမ်းနည်းရပြန်တယ်။

အနေဝေးသွားရင်မေ့သွားမယ်လို့ထင်ခဲ့မိတယ်..
ခံစားချက်တွေလဲပြောင်းလဲသွားမယ်လို့ထင်ခဲ့တယ်

ဒါပေမယ့်အခုမင်းကိုပြန်တွေ့ရတော့မယ်ဆိုတော့ ရင်ဘတ်ထဲမှာ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကအပြန်အလှန်လွန်ဆွဲနေကြပီ။

ဘာလို့ဝမ်းနည်းပီး၊ဘာလို့ဝမ်းသာလဲ မသိချင်တော့..

Ommaနဲ့ အရင်ကဖုန်းပြောတော့သိလိုက်ရသည်။
Jungkookမှာသူနဲ့တူတဲ့ သားချောလေးရနေပါပီတဲ့

ထိုစကားကိုကြားတော့ဝမ်းသာမှုရော၊ဝမ်းနည်းမှုရောတပြိုင်နက်ထဲ လှိုက်တက်လာခဲ့သည်။

ထိုအချိန်တုန်းကJungkookသားလေးကိုလဲမြင်ဖူးချင်ခဲ့သေးသည်။

ဒီကိုပြန်ရောက်နေခဲ့တာ၅ရက်လောက်တော့ရှိပီ။

Ommaကလူကြီးရောဂါနဲ့ဆုံးပါးသွားခဲ့တယ်။Taehyungဝမ်းနည်းပေမယ့် ငိုကျွေးနေခဲ့တာမျိုးမရှိ။သူommaအပေါ် တာဝန်ကျေခဲ့တယ်၊သားတယောက်အနေနဲ့ မိခင်ကိုအဝေးကနေထောက်ပံ့ဖြစ်ခဲ့တယ်။

Daeguမှာကိုယ်ပိုင်စားသောက်ဆိုင်လေးဖွင့်ကာ ဝမ်းစာအတွက်ပိုက်ဆံရှာခဲ့သည့် Taehyungက အခုတော့ ဟင်းချက်တော်တဲ့Chefတယောက်ဖြစ်နေလေရဲ့။

သူ့ရဲ့အရည်အချင်းနဲ့ ဘယ်စားသောက်ဆိုင်မှာဘဲသွားပီးအလုပ်လျှောက်လျှောက် ရနိုင်ချေက၉၉%

ဒါပေမယ့်ကိုယ်ပိုင်ဆိုင်လေးဘဲဖွင့်ချင်တာကြောင့် Daeguမှာဖွင့်ဖြစ်ခဲ့ခြင်း.. ဆိုင်လေးကရောင်းကောင်းပီးဖောက်သည်တွေတော်တော်များများတောင်ရနေလေပြီ။

•Heather•Where stories live. Discover now