.Zawgyi.
30th December, 2031မရှင်းဖြစ်တာကြာလို့လားမသိ အခန်းထဲကိုဝင်လိုက်တာနဲ့ ဖုန်နံ့က အလုံးအရင်းလိုက် နှာခေါင်းထဲသို့ဝင်လာတယ်။
နံရံတွေမှာလဲ ပင့်ကူမျှင်တွေနဲ့ဆောက်လုပ်ထားတဲ့ ပင့်ကူအိမ်တွေများ ဟိုတယ်ဆောက်ထားသလားအောက်မေ့ရသည်
ပြတင်းပေါက်ကိုဖွင့်ရန် လိုက်ကာကိုဖယ်လိုက်ချိန်မှာ
"အဟွတ် အဟွတ်!"
လိုက်ကာစမှာကပ်နေတဲ့ဖုန်နံ့ကြောင့် အသပ်ရှူရတောင်ကြပ်သွားတယ်။
မဖွင့်တာတော်တော်ကြာနေပီဖြစ်တာကြောင့် ကြပ်နေတဲ့ပြတင်းပေါက်မှန်ကိုအားနဲ့ဖိတွန်းကာ ပြင်ပမှလေအေးတို့ကိုဝင်လာရန် ဖိတ်ခေါ်လိုက်သည်..
အလင်းဓာတ်လဲလုံလုံလောက်လောက်ရပီ၊လေဝင်လေထွက်လဲကောင်းပီဆိုမှ အခန်းထဲကပစ္စည်းတွေကိုဝေ့ဝိုက်ကြည့်ကာ စရှင်းဖို့နေရာရှာတော့ ထောင့်နားကစာကြည့်စားပွဲဆီအကြည့်ရောက်မိတယ်
တစ်ခန်းလုံးမှာရှိတဲ့ ထိုင်ခုံတွေ၊စားပွဲတွေ၊ဗီဒိုတွေကို အဝတ်စတွေနဲ့အုပ်ထားတာကြောင့် ထိုစာကြည့်စားပွဲပေါ်ကအဝတ်စကို ဆွဲဖယ်ကာ အရင်ကအသုံးပြုခဲ့သည့် ပစ္စည်းအချို့ကိုလိုက်ပီးထိတွေ့နေမိတယ်
ငယ်ငယ်အထက်တန်းကျောင်းသားဘဝက ပစ္စည်းလေးတွေ လွှင့်မပစ်ရက်တာကြောင့် ခုထိစတိုခန်းထဲမှာသိမ်းထားအုန်း.. မမေ့ချင်သေးတဲ့အမှတ်တရတွေလဲပါတာကြောင့်ပေါ့။
ထပ်ထားတဲ့စာအုပ်တွေကို တစ်အုပ်ချင်းယူကာလှန်လှောကြည့်နေရင်း စာအုပ်တစ်အုပ်အရောက်..
နှုတ်ခါးပါးတို့ကအလိုလိုပြုံးမိသွားသည်။
စာအုပ်မျက်နှာဖုံးလေးကိုပွတ်သက်ကာ ရေးထားတဲ့စာလုံးလေးတွေကိုဖတ်ကြည့်တော့
'Kim Taehyung's Diary'တဲ့။
သူဆယ်ကျော်သက်ဘဝတုန်းက ခံစားရသမျှကိုရေးထားတဲ့စာအုပ်ကလေး အခုအသက်၃၀ကျော်သည့်တိုင် မပျောက်မပျက်အကောင်းပကတိအတိုင်းရှိနေသည့်အတွက် ဝမ်းသာရသည်..
ဒီစာအုပ်လေးထဲမှာ သူ့ဘဝအကြောင်းလေးတွေကိုလဲတော်တော်များများဖော်ပြထားဖြစ်တယ်.. သူ့ရဲ့ဘယ်သူ့ကိုမှမပြောပြဖြစ်တဲ့ခံစားချက်အချို့ကိုရော...
![](https://img.wattpad.com/cover/272683336-288-k28225.jpg)
YOU ARE READING
•Heather•
Fanfictionသက်ရှိသက်မဲ့တွေ၊ပစ္စည်းဥစ္စာတွေ အရာဝတ္ထုတွေကို ကိုယ်ကဆိုင်ဘဲဆိုင်တယ် မပိုင်ဘူးလို့ ဘုရားကဟောခဲ့ဖူးတယ် သို့ပေမယ့် Taehyungကတော့ Jeon Jungkookဆိုတဲ့ထိုလူသားကို မပိုင်ရုံသာမက ဆိုင်ပါမဆိုင်ခဲ့လေတော့.... သက်ရှိသက်မဲ့တွေ၊ပစ္စည်းဥစ္စာတွေ အရာဝတ္ထုတွေကို ကိုယ်က...