.Zawgyi.
Tell me, why not me?
Flash Back
9th March, 2018"ပျော်လား..?"
ဖုန်းတလုံးကိုကြည့်ကာ လက်ပြုတ်မထွက်စာရိုက်ပီး ပြုံးနေတဲ့Jungkookကို မသိချင်ယောင်ဆောင်ကာမေးလိုက်သည်။
"....."
ပြန်မဖြေ..
မကြားလိုက်တာဆိုပိုမှန်မယ်။သူပြောလိုက်တာကိုမကြားရတဲ့အထိ ဖုန်းထဲစိတ်ဝင်စားနေပုံထောက်ရင် သူနဲ့စာပို့နေတာ Shin Haeဘဲဖြစ်ရမယ်။
သက်ပြင်းမောတချက်ကိုချလိုက်ကာ hotelအခန်းထဲမှထွက်လာခဲ့တော့သည်။
ည၇နာရီကျော်နေပီဖြစ်တာကြောင့် သောင်ပြင်နားမှာလူသူသိပ်မရှိတော့။ ပင်လယ်နဲ့နီးနီးထိလျှောက်လာကာ ညဦးပိုင်းပင်လယ်လေကို တစ်ဝကြီးရှူရှိုက်ပစ်လိုက်ပေမယ့် ခံစားနေရတဲ့ဝေဒနာတွေကတော့ လျော့မသွား..
ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တော့ ထိန်းလင်းနေတဲ့လမင်းကြီးဟာတကယ်ကိုလှပလွန်းပါတယ်.. ဘေးကကြယ်လေးတွေကတော့ လမင်းရဲ့လှပမှုကိုအားဖြည့်ပေးနေခဲ့အဖြည့်ခံလေးတွေပေါ့။
ပင်လယ်ပြင်ကိုမျက်နှာမူကာ သဲသောင်ပြင်ပေါ်ထိုင်နေမိတော့ အေးလွန်းတာကြောင့် တစ်ကိုယ်လုံးကြက်သီးများပါထလာရသည်။
Jungkookကိုပြန်ပေးဖို့ယူလာမိတဲ့hoodieလေးကိုကောက်စွပ်ကာ အအေးဒဏ်ကိုအံတုရတော့သည်။
အခန်းထဲကိုဝင်ရင်အအေးဒဏ်သက်သာသွားမှာသိပေမယ့် ရင်ဘတ်ထဲကဒဏ်ရာကတော့ပိုပိုဆိုးလာလိမ့်မည်..
မင်းကိုခနတာတော့ လစ်လျူရှုပါရစေ Jungkook
"hyungအခန်းထဲမဝင်ဘဲ အပြင်မှာဘာလုပ်နေတာလဲ"
ဘယ်ကတည်းကရောက်လာမှန်းမသိရောက်လာပီး ဘေးချင်းကပ်လျက်ယှဉ်ထိုင်လာတဲ့ Jungkook
မင်းကိုမမြင်ချင်လို့ရှောင်နေတာပါလို့ အမှန်အတိုင်းပြောလိုက်ရမလား..?
"ဒီအတိုင်း လေညှင်းခံနေတာ အခန်းထဲကလှောင်ပိတ်နေသလိုဘဲ အသက်ရှူရကြပ်လို့ အာ့ကြောင့် လေကောင်းလေသန့်လာရှူတာ မင်းကရော..?"

ВЫ ЧИТАЕТЕ
•Heather•
Фанфикသက်ရှိသက်မဲ့တွေ၊ပစ္စည်းဥစ္စာတွေ အရာဝတ္ထုတွေကို ကိုယ်ကဆိုင်ဘဲဆိုင်တယ် မပိုင်ဘူးလို့ ဘုရားကဟောခဲ့ဖူးတယ် သို့ပေမယ့် Taehyungကတော့ Jeon Jungkookဆိုတဲ့ထိုလူသားကို မပိုင်ရုံသာမက ဆိုင်ပါမဆိုင်ခဲ့လေတော့.... သက်ရှိသက်မဲ့တွေ၊ပစ္စည်းဥစ္စာတွေ အရာဝတ္ထုတွေကို ကိုယ်က...