"Kris.. မြန်မြန်နင်းပါဟ.. မိုးတွေရွာလာပြီ" နောက်မှ ကျွန်တော့်ချစ်သူလေးရဲ့ အသံသြသြလေး... ချစ်သူ?? အထင်မကြီးပါနဲ့... ရင်ထဲက ပုန်းလျှိုးကွယ်လျှိုးချစ်သူပါ... ဘာလိုလိုနဲ့ သူနဲ့ကျွန်တော် သူငယ်ချင်းဖြစ်တာတောင် တစ်နှစ်ကျော်လာခဲ့ပြီ.. စက်ဘီးမစီးတတ်တဲ့သူက ကားမပါလာတဲ့ နေ့တိုင်း ပထမဆုံးစတွေ့တုန်းကလိုပဲ ကျွန်တော့်နောက်က အတင်းတွယ်ကပ်ပြီး လိုက်စီးနေကျဖြစ်နေပြီလေ... အခုလည်း ကြည့်... ကလေးလို ဂျီကျပြီး အော်နေပြန်ပြီ... သူအော်လည်း အော်လောက်စရာပါပဲ.. မိုးကလည်း ပိုသည်းလာပါရဲ့...
"အေးပါကွာ... ငါလည်း နင်းနေတာပဲ"
"Stop!! Stop!"
"ဘာဖြစ်လို့လဲ?" ကျွန်တော် စက်ဘီးကို ဘရိတ်အုပ်လိုက်ပြီး နောက်လှည့်ကြည့်ကာ မေးလိုက်သည်။
"လမ်းမှားနေပြီ.. ဟိုဘက်သွားရမှာ" သူက တစ်ခြားလမ်းတစ်ဖက်ကို လက်ညှိုးထိုးပြနေသည်။
"အဲ့ဒါ ငါ့အဆောင်သွားတဲ့ လမ်းကြီးလေ"
"အင်းလေ.. မိုးအရမ်းရွာနေတယ်.. ဒီနေ့အိမ်မပြန်တော့ဘူး.. ဘာလုပ်နေတာလဲ?? မြန်မြန်နင်းလေဟ.. အအေးပတ်လို့ သေတော့မယ်" သူက ကျွန်တော့်ကို ဟောက်လိုက်တယ်.. ကျွန်တော် ပြုံးလိုက်မိတယ်.. ဘာတဲ့? ဒါဆို.. ကျွန်တော့် အဆောင်မှာ သူဒီညအိပ်မယ်ဆိုတဲ့ သဘောပေါ့လေ.. ကျွန်တော်မှာ ဘာငြင်းစရာအကြောင်းများရှိလို့လဲ? ဒီခြေထောက်ကြီးတွေက အဆောင်ဘက်ကို ရှိသမျှအားနဲ့ အသားကုန်နင်းပေတော့တာပေါ့...
သူ စာဖတ်ရင်း အသံထွက်အောင် ရယ်လိုက်မိသည်။
"အဲ့ဒီတုန်းက ငါတော်တော် ကလေးဆန်ခဲ့တာပဲ.. jinja.. haha"
အဆောင်အောက်ထပ်မှာ ကော်ဖီသွားယူပြီးပြန်အလာ အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာတော့ ရင်းနှီးတဲ့တေးသံလေးတစ်ခုက ကျွန်တော့်ကို ဆီးကြိုလိုက်သည်။ ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေ ကျိုးပဲ့အိုဟောင်းနေတဲ့ ဂီတဘူးလေးကို Chanyeol ကလိနေတာလေ...
"မင်း.. ဒါမျိုးတွေ ကြိုက်မယ်လို့ ငါမထင်ထားဘူး" ကျွန်တော့် လက်ထဲမှ ကော်ဖီခွက်ကို လှမ်းယူရင်း သူက ပြောလိုက်သည်။ ဂီတဘူးလေးကိုတော့ သူ့လက်ထဲ၌ ကိုင်ထားဆဲ...
KAMU SEDANG MEMBACA
LOCKS & KEYS
Fiksi PenggemarKris lost almost everything he loves in his life.He lost everything... but he never gives up and stays strong as much as he can. He always writes his feeling only in the book with a tiny golden lock but never shows outside.