Prologue

76 10 3
                                    

လူတွေကကြောက်လန့်တကြား ပြေးလွှားနေကြတယ်။ သွေးရူးသွေးတန်းနဲ့ ပြေးတဲ့လူတွေကပြေးအော်တဲ့လူတွေကအော် ငိုကြွေးနေတဲ့လူတွေကငိုကြွေးလို့။ ဘာပဲဖြစ်ဖြစ်သူတို့ကြည့်ရတာ အတော်တော့ကြောက်လန့်နေကြတဲ့ပုံပါပဲ။

ကုတ်အင်္ကျီအဖြူနဲ့လူတွေက ထွက်ပေါက်ရှိရာကို စုပြုံပြီးပြေးလွှားနေကြတာကို ဒီမှန်ကြီးရဲ့နောက်ကနေငါအသာကြည့်နေခဲ့မိတယ်။

ဘာကိုသူတို့ကြောက်နေကြတာလဲဆိုတာကတော့ ငါ့ရဲ့ခေါင်းထဲမှာဒွိဟဖြစ်ကျန်ခဲ့လို့။

ဒီမှန်ကြီးရဲ့နောက်ကငါကတော့ ထုံးစံအတိုင်းထူးထူးခြားခြားတည်ငြိမ်နေပြီး တစ်ယောက်ယောက်တံခါးလာဖွင့်ပေးမှာကိုပဲစောင့်နေခဲ့မိတယ်။

"ကိုမာရူ လွတ်သွားပြီ!!!"

အမျိုးသမီးတစ်ယောက်က သွေးရူးသွေးတန်းနဲ့အော်သွားတဲ့စကားသံကို ငါကြားဖြစ်အောင်ကြားလိုက်ရသေး။

ကိုမာရူဆိုတာဘာကြီးလဲ?

ကိုယ့်ကိုကိုယ်မေးခွန်းတစ်ခုပြန်မေးရင်း ကော်ဖီခွက်ကိုယူလို့ အခန်းထောင့်ကခုတင်ပေါ်မှာထိုင်ချလိုက်မိတယ်။

လူတွေကပြေးနေကြဆဲပဲ။

အုန်းခနဲမည်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ငါ့ခေါင်းပေါ်ကမျက်နှာကြက်ကြီးဟာ ငါ့ပေါ်ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ပြိုကျလာတယ်။

ဒီအထိဟာ ငါရဲ့အတိတ်ဘဝအတွက်နောက်ဆုံးမှတ်ဉာဏ်အပိုင်းအစပါပဲ။

____

Descriptionမှာလဲပါပါတယ် Cannibalismတွေအများကြီးပါတယ်လို့ Warningပါပြီးသားပါ!

လူသားစားတဲ့ဗီဇပြောင်းတစ်ယောက်ရဲ့ အကြောင်းကိုရေးထားတဲ့အတွက် တစ်ချို့သူတွေအတွက်မနှစ်မြို့စရာတွေဖြစ်နိုင်ပါတယ်။

ဟုတ်ပါတယ် BLပါ><

ဒီနှစ်ခုကိုသဘောကျပြီဆိုရင်တော့ ဖတ်ရှုနိုင်ပါပြီရှင့်!

___...___





"ကိုမာရူ လွတ်သွားပြီ!!!"




လူတွေကပြေးနေကြဆဲပဲ။



____



ဟုတ်ပါတယ် BLပါ><


Side Effects Of ToxicityWhere stories live. Discover now