First Love

434 41 4
                                    

Unicode

ဒီနေ့ ခင်ဗျားအသံကို ပြန်ကြားလိုက်တော့ ခံစားချက်က ပြောမပြတတ်အောင် ဆူပွက်လာတယ်
အစထဲက မငြိမ်သက်သေးတဲ့ ရေပြင်ကို လှိုက်ခတ်နေသလိုပဲ
Chaengကသာ လွမ်းနေတာပါဗျာ ခင်ဗျားက ခင်ဗျားရဲ့ အသစ်လေးနဲ့ တစ်တီတူးနေမှာပေါ့
Chaeng စိတ်လဲမနာနိုင်ဘူး မုန်းလဲမမုန်းရက်ဘူး
ခင်ဗျားပြန်လာမယ်လို့ ယုံကြည်နေတုန်းပဲ
မပိုင်ဆိုင်ရတော့ဘူးဆိုတဲ့ အတွေးကြီး ခဗျားခံစားဖူးလားဟင်
သိပ်နာကျဉ်စရာကောင်းတယ်အဲ့ခံစားချက်က

တစ်ခါတစ်လေလောက် Chaengကို သတိရနေသေးလား
စိတ်မာချင်ယောင်ဆောင်နေပေမယ့် Chaengက တအားအထိအခိုက်လွယ်တာ
ခုအသံလေးကြားတာတောင် ဒီလောက်ချစ်နေရင် ခငါဗျားကိုဆိုဘယ်လောက်ချစ်လိုက်မလဲ တွေးကြည့်
အချစ်တွေကိုမခံစားမိခဲ့ဘူးလား ဒီလူက အမုန်းတွေပဲပေးခဲ့မိတာလား
တအားအနိုင်ယူခဲ့တာလား ချစ်ပေးခဲ့တာတွေက မရှိခဲ့ဘူးလား

အိပ်ယာဘေးတွင် တင်ထားသော photo standလေးတစ်ခုကို ဆွေးဆွေးမြည့်မြည့်ကြည့်ရင်း Chaeyoung တစ်ယောက်သောသူအားလွမ်းဆွတ်နေခဲ့မိသည်။

ဝဋ်ကလဲကြီးလိုက်တာ ပြန်သတိရတာတောင် သူကိုယ့်အပေါ် ဘယ်လိုတွေ ကောင်းပေးခဲ့တယ်ဆိုတာချည်းပဲ ကွက်သတိရတာ။မသိရင် ကိုယ့်အမှားတွေလိုလို ဘာလိုလိုပေါ့။

ကိုယ့်အမှားတွေချည်း...
ဟုတ်ပါရဲ့ သူ့အပေါ် သိပ်အနိုင်ယူခဲ့မိတယ် ထင်ပါရဲ့...
ချစ်လဲ ချစ်ပေးခဲ့ပါတယ် ခင်ဗျားမမြင်ခဲ့လိုပါ။ အချစ်တွေကို ထုတ်မပြတတ်ခဲ့ပေမယ့် ရင်ထဲမှာတော့ သိပ်ချစ်ခဲ့ရတာပါဗျာ။

အခုခင်ဗျားနဲ့တွဲနေတဲ့ တစ်ယောက်က Chaengမပေးတဲ့ ဂရုစိုက်မှုတွေ နွေးထွေးမှုတွေကို ပေးနေမှာပေါ့။ပျော်နေရဲ့လားဟင်...

ကိုယ့်အပိုင်မဟုတ်တော့ဘူးဆိုတဲ့ခံစားချက်ကြီးကို ခံစားဖူးလား။
ကိုယ်ကသာ တစ်ဖက်သတ် လွမ်းနေတာ သူကတော့ ပျော်လို့။ အရင်လို စိတ်ဆိုးစိတ်ကောက်ရင်း ပြန်ချော့လို့မရတော့တဲ့ အခြေအနေတစ်ခု။ သိပ်ချစ်ရတဲ့သူဟာ အခု သူများအပိုင်ဖြစ်နေပြီတဲ့။သိပ်ရင်နာစရာကောင်းတဲ့ ခံစားချက်ကြီး။မုန်းလိုက်တာ...

First LoveWhere stories live. Discover now