Unicode
ဆယ်ကျော်သက်ဆိုတဲ့အရွယ်ဟာ သိချင်လိုစိတ်၊စူးစမ်းလိုစိတ်၊စမ်းသပ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ အရွယ်မဟုတ်ပါလား။ကိုယ်သိဖူးသည့် ကြားဖူးသည့်အရာကိုလဲ လက်တည့်စမ်းလိုသည်မှာ ဆယ်ကျော်သက်တို့၏ သဘာဝဖြစ်စမြဲပင်။
ဘဝရဲ့ ဆယ်ကျော်သက်အရွယ် အစိတ်အပိုင်းမှာ တစ်ခါတစ်လေကျတော့လဲ ရုပ်ရှင်ဆန်ဆန် လှည့်စားမှုတွေလဲ ကြုံတွေ့ရတတ်သေး၏။လူ့ဘဝအကြောင်းကို ရေရေရာရာမသိကြသေးသော်လည်း သိချင်လိုသည့်စိတ်ကတော့ ပြင်းပြနေတတ်ကြသေးသည်။
သာမန် ကော်ဖီဆိုင်လေးတစ်ဆိုင်နှင့်အတူ စာအုပ်အငှားဆိုင်လေးပါ တွဲဖွင့်ထားသော မိသားစုမှ Son Chaeyoung အဖို့ ဆယ်ကျော်သက်ဘဝတွင်ပင် အတော်များများကိုတော့ လေ့လာခဲ့ဖူးသည်။
ငွေကြေးဆိုင်ရာ မိဘများ၏ အခက်အခဲများကို နားလည်သလို လူများကိုလဲ ပြောဆိုဆက်ဆံခဲ့ဖူးသည်။ဘဝရဲ့ ရသ ဇာတ်လမ်းများကိုတော့ စာအုပ်များမှ တစ်ဆင့်သိခွင့်ရခဲ့သည်။
ရူးကြောင်ကြောင်ပင် ကဗျာတွေ စာတွေလဲ ရေးတတ်သေးသလို ဂီတာလေးကို တစ်ဒေါင်ဒေါင်နှင့် တီးရင်း စိတ်လွတ်ခဲ့ဖူးသည်။
ကျောင်းအတွက်တော့ ကျူရှင်တတ်ရလောက်သည်ထိ မိသားစုက ငွေပိုလျှံမနေသဖြင့် အိမ်တွင်သာ ကိုယ့်အားကိုယ်ကိုး ကြိုးစားရသည်။ အကျွမ်းကျင်ဆုံးအရာကို ပြပါဆိုလျှင်တော့ ကော်ဖီကောင်းကောင်းဖျော်တတ်ပြီး ကိတ်မုန့်ဖုတ်ကျွမ်းကျင်ခြင်းပင်။
အနုပညာတွင် ပါရမီပါတာကတစ်ကြောင်း အနုပညာကို ချစ်မြတ်နိုးခြင်းကလဲ တစ်ကြောင်းကြောင့် Chaeyoungအတွက် တစ်ချို့သောအတွေးအခေါ်များက စိတ်ကူးယဉ်ဆန်လှ၏။ သူငယ်ချင်းများကတော့ Romantic ဆန်သည်ဟု သုံးနှုန်းကြသည်။
"Chaeng ငါေကျာင်းအပြင် အဒေါ်ကြီးဆိုင်က ဆူရှီစားချင်လို့ သွားဝယ်ကြမလား"
"ဆူရှီစားချင်တာများ အဲ့အဒေါ်ကြီးဆီကမှလား
ကန်တင်းမယ်လဲရှိတယ်လေ အဝေးကြီးမသွားချင်နဲ့"Chaeng ကပြောတော့ Somiက ဆူပုတ်ပုတ်လုပ်ပြ၏။ သူ့မျက်နှာအားမကြည့်ပဲ အိမ်စာများသာ ဖိရေးနေလိုက်သည်။
![](https://img.wattpad.com/cover/273345689-288-k502375.jpg)
YOU ARE READING
First Love