Unicode
ဆယ်ကျော်သက်ဘဝမှာ တွေ့ခဲ့ရတဲ့ အချစ်ဦးဟာ ဆယ်ကျော်သက်အရွယ်အတွက် စွန့်စားမှုတွေထဲက တစ်ခုပဲတဲ့...။
အိမ်ကလူကြီးတွေ သိမှာစိုးတာရော သူငယ်ချင်းတွေ ရိပ်မိမှာရော ကြောက်တာကြောင့် တိတ်တခိုးချစ်ရတဲ့အရသာက တစ်ကယ် စိတ့်လှုပ်ရှားစရာအကောင်းဆုံးပဲ။
အချစ်ဆိုတာ ဖြူသလား မဲသလား မသဲကွဲပေမယ့် သူနဲ့တွေ့တဲ့အခါ ပျော်တယ်။ နှစ်ယောက်တွေ့တဲ့အခါ ကုန်သွားတဲ့အချိန်တွေကို နှမြောတယ်။ပြီးဝော့ာသူ့ရဲ့ တီတီတာတာစကားလေးတွေကို မက်မောတယ်။
အရင်က ရည်းစားတွေ ဘယ်လောက်ထားခဲ့ဖူးသလဲလို့ မမေးမိဘူး။မေးလဲမမေးချင်ဘူး။ခုချိန်မှာ သူဟာကိုယ့်အပိုင်ပဲလေ ။ကိုယ့်အပိုင်ဆိုတဲ့ ခံစားချက်နဲ့တင် လူက အရူးအမူးပဲ။ ဒီလူသားလေးကို တွေ့လိုက်ရတာနဲ့ ကိုယ့်အပိုင်ပါလားဆိုပြီး တွေးမိနေခဲ့တာ။
အချစ်နဲ့တွေ့ရင် အရာအားလုံးဟာ ကြည်နူးစရာချည်းပဲတဲ့။ ကျောင်းဆင်းတိုင်းလာကြိုတတ်တဲ့ သူမကြောင့် ကျောင်းတတ်တဲ့နေ့တွေမှာ ပျော်ခဲ့ရသလို ကျောင်းပိတ်ရင်လဲ ဆိုင်ကို လာလာတွေ့နေတဲ့ သူမကြောင့် အမြဲ ရင်ခုန်မိနေဆဲပဲ...။
သူမနဲ့ အကြည့်ချင်းဆုံတိုင်း ဗိုက်ထဲမှာ လိပ်ပြာလေးတွေ ဆော့ကစား ဝဲပျံနေသလို ရင်ခုန်သံတို့ကလဲ အတိုင်းအဆမဲ့စွာ ခုန်နေတတ်စမြဲပင်။
သူမကတစ်ခါတွေ့တိုင်း တစ်ခါ ရင်ခုန်စရာစကားတွေ ပြောတတ်စမြဲပင်။
ဥပမာ " ပူတူးရဲ့ ပါ့ချိုင့်လေးထဲမှာ တစ်သက်လုံးနစ်မြုပ်နေချင်တယ် "တို့၊ "ပူတူးနဲ့တွေ့ခွင့်ရခဲ့တာ တို့ဘဝအတွက် အကောင်းဆုံဆုလာဘ်ပဲ" တို့ ပြောရင် သိပ်သဘောကျတာ။ငှက်အသိုက်ထဲက ထွက်လာတဲ့ ငှက်ပေါက်လေးတစ်ကောင်လို မြင်မြင်သမျှကို စူးစမ်းချင်တတ်ပေမယ့် သူစိမ်းလူတစ်ယောက်ဆီက အချစ်ခံရတာကိုတော့ စူးစမ်းချင်စိတ်ထက် ပိုသဘောကျမိနေတာမျိုးပေါ့။
အခုဆိုရင် သူမကြောင့် Marvelလောကထဲကို ဝင်ဖို့ကြိုးစာနေမိပြီ။ သူမပြောပြောနေကျ Heroesတွေကို သိဖို့အတွက် လေ့လာနေမိပြီ။ သူမကစားနေကျ ဂိမ်းတွေကိုလဲ လိုက်ဆော့နိုင်ဖို့အတွက် တစ်သက်လုံးစိတ်မဝင်စားခဲ့ ဂိမ်းလောကထဲကို အာရုံစိုက်နေမိသေးသည်။
YOU ARE READING
First Love