First Love (ချည်တိုင်)

325 29 2
                                    

Unicode

လေးနှစ်တာသံယောဇဉ်ဟာ အတော်ကို ခိုင်မြဲသည်ဟု ဆိုရမလား။
သို့မဟုတ်
လေးနှစ်လုံး တူတူရှိခဲ့ကြလို့ တွယ်တာမိသည်ဟု ဆိုရမလား ။

သူမနှင့် ချစ်သူသက်တမ်းက နောက်လဆိုလျှင် လေးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ အချိန်တွေက ကုန်တာ မြန်လိုက်တာ....

သူမနှင့်စစတွေ့ပုံ ခင်သွားပုံတွေက ယခုထိ ရုပ်ရှင်ဆန်ဆန် ပြကွက်တစ်ခုအလား မြင်ယောင်နေသေး၏။ သူမ ပြောခဲ့သည့်စကား မှတ်မိပါသေးသည် "တို့က ကောင်လေးတွေပဲ ကြိုက်တာ "တဲ့ ။ ခုတော့ ကောင်လေးမဟုတ်တဲ့ ဒီကကောင်မလေးနဲ့ ချစ်သူသက်တမ်း လေးနှစ်တဲ့လား။

သူမက ကိုယ့်ကို အတော်ချစ်သည်။ ချစ်တာကိုလဲ ခံစားမိသည်ဟု ဆိုနိုင်သည်။ ပြီးတော့ ကိုယ့်ကို ကလေးမို့အပျော်တွဲသည်ဟုလဲ မသတ်မှတ်ပဲ အခု ယူကြရအောင်ဆိုလျှင် ချက်ချင်းထယူမည့်သူ။ နားလည်မှုလဲ အပြည့်အဝပေးထားသူ။ ချုပ်ချယ်တာတွေလဲ မရှိပဲ လွတ်လွတ်လပ်လပ် နေစေသူ။

ဒီလောက် ကောင်းတဲ့သူမှာ ပြသနာကဘာလဲ ဆိုတော့ အဲ့အပေါ်ကအချက်တွေပဲ။ သူဘယ်လောက်ထိ နားလည်ပေးလဲသိလား။ ကိုယ်နောက်တစ်ယောက်ထားတာကိုတောင် ပြုံးပြုံးကြီး လက်ခံပေးသေးတာ။ အဲ့တာပဲလားဆိုတော့လဲ မဟုတ်ဘူး။ ဥပမာ ကိုယ်အပြင်သွားရခါနီးဆို "ကလေး ကလေးရဲ့ ရည်းစားကို အပြင်သွားမယ်ဆိုတာ ပြောပြီးပြီလား
ပြောသွားဦးနော် စိတ်ကောက်နေမယ် " ။ ဒါမျိုး သတိပေးတတ်သေးတာ။ ရွဲ့တာမဟုတ်ဘူးနော် အဲ့တာ တစ်ကယ်အတည်တွေ။

မြင်ဖူးလား အဲ့လို လူမျိုး။ မမြင်ဖူးရင် ကြည့်ထား အဲ့တာ Chaengရဲ့ရည်းစား ဘုရားဖြစ်မယ့်အုတ်နီခဲ Myoui Mina တဲ့။

ရှင်းရှင်းပြောရရင်ဗျာ ရည်းစားကို မေဂျာ မိုင်နာ ခွဲထားသလိုပေါ့။ သူက တော့မေဂျာကြီး နောက်အီစီကလီတွေက မိုင်နာ။

သူက Chaengထက် အသက် ၆နှစ်ကြီးတယ်။ အတွေးတွေက လုံးဝ လူကြီးဆန်နေပြီးတော့ မဟာမေတ္တာတရားကြီးမားလွန်းတဲ့ မေတ္တာရှင်မလေးမမျိုအီ။ Chaengက သူ့ကို ဆိုးပြီး ရည်းစားတွေရှုပ်တဲ့ Son Chaeyoung။

You've reached the end of published parts.

⏰ Last updated: Feb 26, 2023 ⏰

Add this story to your Library to get notified about new parts!

First LoveWhere stories live. Discover now