1| The breaking point

902 68 4
                                    

Unicode

၀န်းလေး မိုက်ရူးရဲဆန်တာတွေဘာမှမတွေးဘဲ ကိုယ်လာတာကိုဘဲခဏစောင့်ပေးပါ။ အခုအတတ်အနိုင်ဆုံးအမြန်ဆုံးနည်းနဲ့ ၀န်းလေးဆီလာနေပြီမလို့ ကျေးဇူးပြုပြီး ကိုယ်ရှင်းပြတာကိုအရင်နားထောင်ပေးပါ။

ပတ်ဂျေးသည် ကားမောင်းနေရင်း လမ်းတစ်လျှောက်လုံးဖုန်းဆက်တိုက်ခေါ်နေသော်လည်း တစ်ဖက်မှလုံးဝဖြေကြားခြင်းမရှိသောကြောင့် ခေါင်းထဲပူထူကာပူပန်နေမိသည်။ သူဘာမှမရှင်းပြလိုက်ရဘဲ သူ့ခလေးအထင်လွှဲမှာကို သူလုံး၀မလိုလား။ သူတောင်မသိလိုက်ဘဲ agency ကအတည်ပြုလိုက်တဲ့သတင်းတစ်ခုလေးကြောင့်နဲ့ နှစ်ယောက်ကြားက အချစ်နှောင်ကြိုးကိုမည်သည့်နည်းနှင့်မျှအပြတ်မခံနိုင်ပါ။

နှစ်ယောက်သားအတူနေထိုင်သည့် apartment သို့ရောက်ရောက်ချင်း car parking ထိုးပြီးသည်နှင့် တပြိုင်နက် elevator ရောက်မည်ကိုတောင်မစောင့်နိုင်တော့ဘဲ လှေကားဖြင့် penthouse ရောက်သည်အထိပြေးတက်သွားသည့်ဂျေးမှာ ရာဇဝတ်မှုကျူးလွန်ထားသောတရားခံထွက်ပြေးနေသကဲ့သို့ပင်။

တံခါးတွင် passcode ကိုအလျင်အမြန်ထည့်ပြီးသည်နှင့် တွန်းဖွင့်လိုက်တော့ မှောင်မဲနေသည့်အခန်းကို မြင်လိုက်ရသည်နှင့် နှလုံးတစ်ခုလုံးပြုတ်ကျသွားသကဲ့သို့ခံစားလိုက်ရသည်။ သို့သော်လည်း ၀န်းလေးရှိနေသေးမည်ဟုကိုယ့်ကိုယ်ကို မျှော်လင့်ချက်ပေးမိလေသေးသည်။ ဝန်းလေးဟူသည်အမှောင်ကိုကြိုက်သည့်သူမဟုတ်သောကြောင့်မီးလုံး၀ပိတ်နေမည့်သူမျိုးမဟုတ်သည်ကိုသိနေသော်လည်း နှလုံးသားကဘယ်လိုမှလက်မခံနိုင်သောကြောင့် မီးဖွင့်ကာ apartment တစ်ခုလုံးအနှံ့လိုက်ရှာမိသည်။

နှစ်ယောက်သား၏ လုံခြုံရာပျော်ရွှင်မှုပေါင်းမြောက်မြားစွာတည်ရှိရာနေရာဖြစ်သော အိပ်ခန်းထဲသို့၀င်မိသောအခါ ပျော်ရွှင်မှု၏ဆန့်ကျင်ဘက်၀မ်းနည်းပူဆွေးမှုမှတစ်ပါး အခြားမည်သည့်ခံစားချက်ကိုမျှမခံစားရတော့။

ဖွင့်လျက်သားရှိနေသည့် ဟာလာဟင်းလင်းအ၀တ်ဗီဒို၊ ကုတင်ဘေးရှိ မီးအိမ်တင်စားပွဲမှမှောက်လျက်ပြုတ်ကျလျက်ရှိသောဓာတ်ပုံ၊ ပြန့်ကျဲလျက်ဖရိုဖရဲဖြစ်နေသောအိပ်ယာခင်းများ။ ထိုအရာများကိုတပြိုင်နက်တည်းမြင်လိုက်ရသော ပတ်ဂျေးအဖို့ မိုးပြိုသွားသကဲ့သို့ပင်။ ၀န်းလေးမရှိတော့ဘူးဆိုသည့်ခံစားချက်နှင့်အညီ ကိုယ်ကိုတိုင်ပင်မသိလိုက်ဘဲ ပါးပြင်ထက်ပေါ်စီးကျလာတဲ့မျက်ရည်တွေကိုပင် သတိမပြုနိုင်တော့ဘဲ အိပ်ယာပေါ်ထိုင်ချလိုက်မိသည်။

So Far Away | JAYWONWhere stories live. Discover now