4| The ReMeeting

348 44 5
                                    

Unicode

တောင်ကိုးရီးယားရဲ့အကြီးဆုံး entertainment တွေထဲကတစ်ခုဖြစ်သော "Relia" entertainment ရဲ့ artist တွေထဲကတစ်ဦးဖြစ်သည့်အပြင် ဂီတအား ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်လုပ်သော rock star တစ်ယောက်ဂုဏ်ပုဒ်ကျော်ကြားမှုမှာမခေလှပေ။ တစ်ကမ္ဘာလုံးကချစ်မြတ်နိုးရသော artist တစ်ဦးဖြစ်သည့်အတွက် schedule တွေမှာလည်းများပြားလှသည်။

Brand ambassador ခန့်ချင်သော Brand များစွာ list ထဲပြည့်နှက်နေသလို collaboration လုပ်ချင်သော artist ပေါင်းများစွာလဲ တန်းစီနေလေသည်။

သို့ပေမဲ့လည်း Jay မှာတော်ရုံအခြား artist များနဲ့ collaboration လုပ်ရသည်ကိုသဘောကျသူမဟုတ်သောကြောင့် agency မှလဲအသေအချာစီစစ်ပြီးမှ အဆင်ပြေနိုင်မည့် artist အချို့ဖြင့်သာ collaborate လုပ်ခွင့်ပေးလေသည်။

အခုလက်ရှိမှာလဲ collaboration လုပ်မည့်အဖွဲ့ရဲ့ entertainment သို့သွားရာလမ်းပေါ်၌ တွေးနေမိသည်ကသူနှင့် collaborate မည့်အဖွဲ့အကြောင်းမဟုတ်ဘဲ ဒီတစ်ခေါက်အတွက်ဘယ်လို music မျိုးထုတ်လုပ်ရင်ကောင်းမည်ဆိုသာကိုသာ။

တစ်ဖက်ကမည်သူပင်ဖြစ်နေပါစေ၊ မည်သို့ပင် collaboration လို့ပင်ဆိုနေပါစေ၊ သူကိုယ်တိုင်ရေးသည့်အရာမဟုတ်လျှင် လက်မခံနိုင်သော သူ့ logic တစ်ခု။ သူ့ရဲ့ရိုက်ချိုးလို့မရတဲ့မာန်မာနတစ်ခုလို့ဘဲပြောရမည်လေလား။

မသိလိုက်ခင်အချိန်လေးမှာဘဲ ထို entertainment အရှေ့သို့ရောက်ရှိနေပြီးဖြစ်လေသည်။ အဆောက်အဦးအတွင်းသို့ဝင်ကာ 18လွှာပေါ်သို့တက်ရန် elevator ရှေ့ရပ်စောင့်နေဆဲ "ding" ဟုကြားသည်နှင့် elevator ထဲမှပြေးထွက်လာသည့် all black fit နဲ့ hoodie ကိုခေါင်းဆောင်းကာ အပြေးထွက်လာသည့် mask တပ်ထားသည့်ကောင်လေးတစ်ယောက်၊ သူ့ကိုတောင်သတိထားမိသည့်ပုံမပေါ် အလျင်အမြန်ဝင်ပေါက်ရှိရာသို့ပြေးသွားသည့်ကောင်လေးကိုမြင်တော့ လစ်ခနဲသတိသွားရသည်မှာ သူ့ fansign တုန်းက ထိုကောင်လေးအလားတူ all black နဲ့ fanboy လေး~ ( Park Jay ကိုယ့်ကိုကိုယ်သတိထားစမ်း။ အလုပ်ကိစ္စနဲ့လာတာမလိုတာတွေလျှောက်တွေးမနေနဲ့။)

18လွှာအရောက် collaborate ရမည့် idol တွေရှိရာအခန်းသို့ဦးတည်ကာ တံခါးဖွင့်လိုက်သည်နှင့် လာနှုတ်ဆက်သောသူတို့ Manager နှင့်အတူ စားပွဲရှည်ကြီး​၏တစ်ဖက်တစ်ခြမ်းတွင်ထိုင်နေသော Idol 3ဦး။ (နေပါဦး။ ငါ collaborate မယ့်အဖွဲ့က 4ယောက် group မဟုတ်ဘူးလား။) ဟုတွေးနေစဉ်ဘဲ သူဝင်ခဲ့သည့်အပေါက်ဝမှပြေးဝင်လာတဲ့ ခုနလေးတင်အောက်မှာတွေ့ခဲ့သည့် all black နဲ့ကောင်လေး။

So Far Away | JAYWONWhere stories live. Discover now