2| The First Meet

378 60 3
                                    

Unicode

လွန်ခဲ့သော ၂နှစ်က

-ဆိုးလ်မြို့ ညနေ ၆နာရီ-

"ဟျောင်း!~ လုပ်ပါဒီတစ်ခါနောက်ဆုံးပါပဲ !ကျွန်တော်ထွက်တာ တကယ်ဘယ်သူမှမသိစေရပါဘူးလို့" jungwon မှ heeseung ကိုသနားကမားရုပ်လေးဖြင့်ပူဆာနေသည်။

"မင်းဟိုတစ်ခါကလဲ နောက်ဆုံးနောက်ဆုံးဆိုပြီးပြောတာပဲ မင်းဟာကကြိုက်တာလဲကြိုက်ကွာ ဘယ်လိုပဲ Park Jay ရဲ့ fanboy လို့ပဲပြောပြော မင်းကိုယ်တိုင်လဲတစ်ချိန် idol ဖြစ်လာတော့မယ့် trainee ဆိုတာလဲမမေ့နဲ့ဦးလေဟာ တစ်ယောက်ယောက်မင်းကိုသတိထားမိသွားရင် debut လုပ်တဲ့ခါကျ rumors တွေထွက်ရင်မင်းပဲဒုက္ခရောက်မှာ" ဟု heeseung မှဆူသော်လည်းသူ့လေသံတွင်ပူပန်မှုများပါနေသည်ကိုတွေ့နိုင်သည်။

"ဟျောင်းလဲ သိမှာပါ ကျွန်တော် idol တစ်ယောက်ဖြစ်ချင်ရတဲ့အကြောင်းရင်း ကျွန်တော်ဒီလမ်းကိုအရှုံးမပေးပဲဆက်လျှောက်လမ်းဖို့အားအင်တွေဘယ်သူ့ဆီကရလဲဆိုတာလဲ hyung အသိဆုံးပါ"

Heeseung မှခပ်ပျင်းပျင်းသက်ပြင်းတစ်ချက်ချမိသည်။

"ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။ နောက်လ debut evaluation ဆိုတာမင်းစိတ်ထဲအမြဲရှိနေမယ်လို့ငါယုံတယ်။ သွား သွား! ငါ manager hyung မေးရင်ကြည့်ပြောပေးထားမှာမို့ မင်းရဲ့အချစ်ဆုံး Rock Star ကြီးကိုသွားကြည့်ချင်လဲသွားကြည့်ပါတော့"

Jungwon မှကြမ်းပြင်ကိုငုံ့ကြည့်နေရာမှ ချက်ချင်းခေါင်းမော့လာကာ မျက်လုံးလေးတလက်လက်နဲ့ Heeseung ကိုဖက်လေသည်။

"ကျေးဇူးပါ ဟျောင်း ဒီတစ်ခါတကယ်နောက်ဆုံးကျွန်တော်ကတိပေးတယ် fansign event မလို့ပါ ကျွန်တော်ဒါတက်ရဖို့ album တွေဘယ်လောက်ဝယ်လိုက်ရလဲ ဒီလောက်ကြိုးစားထားပြီးမှရထားတဲ့ fansign မလို့ပါလို့~ concert ဆိုရင်တော့ခါတိုင်းလဲသွားနေကျဆိုတော့မသွားလဲသည်းခံနိုင်ပေမဲ့ သူက fansign event ကို ၁နှစ်မှတစ်ခါလုပ်တာမလို့ ၁ခါမှမသွားဖူးသေးလို့ပါ ဒါပြီးတာနဲ့ ကျွန်တော် debut အတွက်ပဲအာရုံစိုက်တော့မှာမလို့ စိတ်မဆိုးနဲ့နော် ဟီးဟီး" ဟုပျော်ရွှင်ကျေနပ်တဲ့အသံလေးဖြင့်ပြောလေသည်။

Heeseung မှာလဲ ဘာဖြစ်ဖြစ် jungwon ကအဘက်ဘက်ကတကယ်တော်တဲ့ trainee ၁ယောက်ဖြစ်သည်ကိုသိသောကြောင့် သူဒီတစ်ခါဒါလေးသွားလိုက်တာနဲ့ သူ့ training ကိုမထိခိုက်ပါဘူး jungwonပျော်သလိုနေပါစေဆိုပြီး တံခါးပေါက်ဆီသို့ပြေးသွားပြီး အလျင်အမြန်ထွက်သွားသည့်ကောင်လေးနောက်ကျောကိုကြည့်ကာ သက်ပြင်းသာချနိုင်တော့သည်။

So Far Away | JAYWONDonde viven las historias. Descúbrelo ahora