ပြသာနာတွေကတော့ ကိုကို ကျောင်းတက်တဲ့ နေ့ကနေ စတာပဲ ။ ကျောင်းအတူသွားလို့ ကျောင်း၀န်းထဲ၀င်ကျတော့ ကိုကို့ဆီပဲ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ။
မိန်းခလေးကြီးပဲ မဟုတ် ၊ ယောကျာ်လေးများပါ အသည်းအသန် ရောက်ကြည့်နေလေသည်။ သူမကြိုက်ပေ။
ကြည့်လည်း ကြည့်ချင်စရာ ကိုကိုက။ ကျောင်း၀တ်စုံလေးနဲ့ အရှေ့ကို ဆံပင်လေး ချထားတာက တော်တော်လေးကို ချစ်စရာကောင်းတယ်။ထင်းနေအောင်လည်း ကိုကိုက ဖြစ်နေသည်။
ကိုကို့ အခန်းထဲထိ လိုကိပို့ပြီးမှ ကင်မ်ထယ်ယောင်း သူ့အခန်းထဲ သွားလေသည်။ အခန်းထဲ ရောက်တော့ သူ့ရဲ့ သူငယ်ချင်း ဟိုဆော့နဲ့ ယွန်ဂီ...
ဟိုဆော့က
"ငထယ် ဒီနေ့ နောက်ကျတယ်နော် "
"အေး ကိစ္စ ရှိလို့ "
"အစ်ကို အသစ်ရထားတယ်ဆို "
အခုချိန်ထိ သူမှာ အစ်ကိုရှိကြောင့် ဟိုဆော့နဲ့ ယွန်ဂီကို သူမပြောရသေးပေ။ ဘယ်လို သိတာပါလိမ့်...?
" သတင်းက မြန်လှချည်းလား "
ဟိုဆော့က ပုခုံးနစ်ဖတ်ကို တွန့်လိုက်ပြီး
"ဒီလိုပဲပေါ့... နေပါအုန်း ငါတို့နဲ့ မိတ်ဆက်မပေးဘူးလား "
"လာမှာပေါ့ အေးဆေးပေါ့ "
ယွန်ဂီ ငြိမ်နေရာမှာ
"မင်းအကိုက ချောတယ်နော် မိန်းမ ရူံးတယ် "
ယွန်ဂီရဲ့ စကားအဆုံးမှာ ကင်ထယ်ယောင်းရဲ့ခက်ပြင်ပြင်း အကြည့်တွေနဲ့ ယွန်ဂီဆီ စိုက်ကြည့်လိုက်ရင် ..
" မင်းပါးစပ်က ငါကိုကိုရဲ့ အလှကို ကြည့်ပြီးအရသာ ခံနေတာလား...?"
ဒီအချိန်မှ? ဒေါသထွက်လာသူက ယွန်ဂီ
"မင်းဘာစကားပြောတာလဲ..? "
ယွန်ဂီသည်လည်း ကင်မ်ထယ်ယောင်းနဲ့တူ လေသည်။ ဒေါသထွက်လွယ်သလို သူများ စော်ကားတာလည်း ခံတက်သူ မဟုတ် ၊ ဘယ်သူမှလည်း အောက်ကျ ခံပြီး ပေါင်းလေမရှိပေ ။ ကင်မ်ထယ်ယောင်းနဲ့သူငယ်ချင်းဖြစ်နေသည်မှာလာ်ူ ဟိုဆော့ကြောင့်သာ...