Bathrobeကြီးနဲ့ အရေးပေါ် အခန်းရှေ့မှ ရပ်နေတဲ့ ကင်ထယ်ယောင်းက အရူးတစ်ယောက်လိုပဲ ငိုချထားတာ မဟုတ်ပေမဲ့ မျက်၀န်းထဲကနေတော့ မျက်ရည်တွေက အလုံးအရင်းနဲ့ ကျဆင်းနေတာပဲ
ကိုကိုသာ တစ်ခုခုဖြစ်ရင် ဆိုတဲ့ အတွေးတွေက လူကို သတ်နေသလိုပဲ !
"ထယ်ယောင်း "
သူအနားကို လာပြီးခေါ်နေ မီက
"မီ ကိုကိုကော့ ကိုကို အခြေအေန "
အရူးတစ်ယောက်လိုပါပဲ အလန့်တကြား ကင်ထယ်ယောင်းတစ်ယောက် ! မီ တကယ် စိတ်ရှိလက်ရှိသာဆို သူကို ထုရိုက်လိုက်ချင်တယ် ဒါပေမဲ့ အရူးတစ်ယောက်လို ဖြစ်နေတဲ့ထယ်ယောင်းကို သူဘယ်လို ရိုက်ရက်နိင်မှတဲ့လဲ ? နင်ချစ်နည်းေတွ သိပ်မှားတယ် ထယ်ယောင်းရယ်
" မထွက်လာသေးဘူး အရေးပေါ်ခန်းက နင် ဘယ်လို လုပ်ရက်တာလဲ ဘာလို ဒီလိုထိတောင် "
"ဟင့်အင်း ငါမရည်ရွယ်ပါဘူး ငါကိုကိုကို့ အဲလိုမရည်ရွယ်ပါဘူး "
"အရင် အင်္ကျီသွားလဲထယ်ယောင်း
ခဏနေ ထွက်လာတော့မှ ""တကယ်ဘာမှ မဖြစ်ဘူးမဟုတ်လား ကိုကိုက ငါကို မမှတ်မိတော့ဘူး ငါဘယ်လိုလုပ်ရမလဲ "
ဘ၀မှ ကင်ထယ်ယောင်းဒီလိုဖြစ်ပျတ်နေတာ သူမမြင်ဘူးပေး ။သူ့လိုလူက အရူးတစ်ပိုင်းဆိုတာလေ
"ထယ်ယောင်း "
ယွန်ဂီတို့ပါအပြေးအလွှားလိုက်လာလေသည်။
"ယွန်ဂီ ထယ်ယောင်းအတွက် အခန်းတစ်ခန်းယူပေးလိုက် သူလဲ ဆေးစစ်ကြည့်ရမယ် "
"အင်း မီ ဂျီမင်ကော့ အဆင်ပြေလား "
မီက ဖုန်းဆက်ပြောပြထားတာကို အကြမ်းဖျင်းလောက်တော့ သူသိတယ်။ ဟိုဆော့ကတော့ သေချာမသိ ။
"ထယ်ယောင်း အခန်းထဲ သွားရအောင် "
"ဟင့်အင်း "
"ဘယ်လိုဖြစ်နေတာလဲ ထယ်ယောင်း မင်းကိုကိုဘာမှ မဖြစ်ပဲ မင်းအရင်သေနေမယ် "
ယွန်ဂီကပြောတော့ ထယ်ယောင်းက ယွနါဂီရှေ့ဒူးထောက်ချချရင်