"ထယ်ယောင်း မီက ဘာပြောလဲ ? "
မနေ့ညနေ့ထဲက မီနဲ့ကျတော် စကားပြောနေတာကို သိချင်နေတဲ့ ဟိုဆော့ ယွန်ဂီ အတင်းခေါ်သွားလိုသာ ပါသွားရလေသည် ။ယွန်ဂီသာ မခေါ်ရင် ဟိုဆော့တစ်ယောက် ကျတော်နဲ့ မီ ပြောတာကို အစအဆုံး နားထောင်မလား မသိ။
ဒင်းကို တစ်ယောက်ယောက်က ကြိုက်လိုက်ပါတော့ ကောင်မလေးက အရင် စပြောရင်လဲ ထည့်ပေးလိုက်ချင်တာ။
"ထယ်ယောင်း ငါပြောနေတယ်လေ "
သူစာလုပ်နေတဲ့ စားပွဲပေါ်မှာ လာတက်ထိုင်ပြီး အလိုက်ကန်းဆိုး မသိမေးနေလေသည်။
" ဟိုဆော့ မင်းက သိပ်စုတဲ့ကောင်ပဲ "
သူ့ဆီ မျက်စောင်းလေး လှည့်လာမယ်ဆိုတာ ကြိုသိနေတာကြောင့် ဟိုဆော့ကို မကြည့်ပဲ နေလိုက်သည် ။
"ငါက မင်းအကြောင်းမို့ သိချင်တာပေါ့ ငါက မင်းတို့နစ်ယောက်နဲ့ပဲ ခင်နေရတာကို "
သူငယ်ချင်းဆိုလို ယွန်ဂီနဲ့ ကျတော်ပဲ ရှိတဲ့ ဟိုဆော့၊ ကျတော်တို့အပေါ် သူတွယ်တာလွန်းတယ် ၊ကျတော်ကတော့ အေးဆေးပဲ ယွန်ဂီကတော့ ကျတော်ထက် ဟိုဆော့ကို ပိုဂရုစိုက်ပေးတယ် ။
"အေးပါကွာ ပြောပါမယ် "
အဲတော့မှ ဟိုဆော့ မျက်နှာလေးက ၀င်းပြီး
"အဲလိုမှာပေါ့ "
ကျတော်ရဲ့ ပုခုံးလေးကို သူရိုက်လေသည်။
"မီက အမေရိကမှာ ကျောင်းသွားတက်မယ်တဲ့၊ ဟိုမှာပဲ ဆေးကျောင်းထက် တက်ချင်တာ မီက "
"အဲတော့ "
ကင်ထယ်ယောင်း ပုခုံးနစ်ဖတ်ကို ပင့်ပြီး
"ငါ့ကို လိုက်ခဲ့ဖို့ ခေါ်တယ် မီက "
"မင်းကကော့ "
"လိုက်သွားမှာပေါ့ မီကိုငါက တစ်ယောက်ထဲ ပေးသွားစရာလား "
ငြိမ်နေရမှာ ထစကားပြောသူက ယွန်ဂီ
" မင်းအိမ်က လူတွေကော့ ပြောရမယ် မဟုတ်လား "
"မပူပါနဲ့ ငါ့ကို လွှတ်ပေးမှာ "
ဟိုဆော့က
" ဒါဆို အစ်ကိုဂျီမင် "
"ခေါ်သွားမှာပေါ့ "